မိန်းကလေးအများစုက သူတို့ရဲ့ဘဝမှာ မိဘတွေကို ကျွေးမွေးစောင့်ရှောက်မယ် ၊ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ပြီး မိသားစု ဘဝလေးတည်ဆောက်မယ်ဆိုတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးတွေ ရှိတတ်ပါတယ်။

ချစ်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်္ဂလာဝတ်စုံလှလှလေး ဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကူးအိပ်မက်လေးတွေလည်း ရှိကြပါသေးတယ်။

ထိုင်ဝမ်နိုင်ငံ တိုင်ပေမှာ နေထိုင်တဲ့ May Chen လို့ခေါ်တဲ့ မိန်းမချောလေးကလည်းသာမန်မိန်းကလေးများနည်းတူ စိတ်ကူးလေးရှိလို့နေပါတယ်။

စိတ်မကောင်းစရာက အဆိုပါကောင်မလေးဟာ ပြီးခဲ့တဲ့ လေးနှစ်လောက်က ရင်သားကင်ဆာခံစားနေရပြီလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မေ့ကို ဆရာဝန်တွေက ခွဲစိတ်လိုက်ရင်သက်သာ သွားမယ်ဆိုလို့ သူမခွဲစိတ်ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက ခွဲစိတ်မှုအောင်မြင်သွားလို့ မေ ကတော့ အရမ်းကိုပျော်ရွှင်ခဲ့တဲ့ပုံပါပဲ။

ဒါပေမယ့် လွန်ခဲ့တဲ့ (၆)လလောက်က သူမ ရဲ့ ရင်သားမှာ ထူးခြားတဲ့အရာတစ်ခုရှိနေမလားဆိုပြီး ဆရာဝန်ဆီပြန်ပြခဲ့ရပါတယ်။

ကံဆိုးစွာပဲ သူမ ရဲ့ ရင်သားကင်ဆာဆဲလ်တွေဟာ အမြစ်ကိုမဖယ်နိုင်တဲ့အတွက် အတော်လေးပျံ့နှံ့နေပြီလို့ သိရပါတယ်။ ဆရာဝန်တွေလည်း အသက်ရှင်ဖို့ရာခိုင်နှှုန်းမရှိတော့ကြောင်း ပြောပြီးနောက် မေ တစ်ယောက် ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ။

စိတ်ဓာတ်ခိုင်မာတဲ့ မေ ဟာ အခန်းအောင်းပြီးလည်း စိတ်ဓာတ်ကျမနေခဲ့ဘဲ သူမရဲ့ ဆန္ဒတွေကို အမှတ်စဉ်တပ်ပြီးချရေးခဲ့ပါတယ်။

ဒါ့ကြောင့် မသေခင်လေးမှာ သူမရဲ့ အဖြစ်ချင်ဆုံးစိတ်ကူးအိပ်မက်လေးဖြစ်တဲ့ မင်္ဂလာဂါဝန်ဖြူလေးတွေ ဝတ်ပြီး ဓာတ်ပုံရိုုက်ခဲ့ပါတယ်။

သူမဟာ ချစ်သူမရှိပေမယ့် မင်္ဂလာဝတ်စုံကို တစ်ယောက်ထဲ ပို့စ်အမျိုးမျိုးနဲ့ အလှပဆုံး ရိုက်ကူးခဲ့ပါတယ်။ ကိုယ့်ဘဝလက်တွဲဖော်မပါတဲ့ သတို့သမီးလေး ရဲ့ အထီးကျန်တဲ့ ဓာတ်ပုံတွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ။

ဒါပေမယ့် မေက Yangming တောင်ပေါ်မှာ ဓာတ်ပုံဆရာရဲ့ ရိုက်ချက်တွေနဲ့ အတူ အလှပဆုံး သတို့သမီးလေးအဖြစ် မသေခင်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။  

သတင်းအရင်းမြစ် viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။