Tag Heuer က ယခင်နှစ်က Connected Modular 45 အမည်ရ စမတ်နာရီကိုရောင်းချပေးခဲ့ပါတယ်။ ယခုအခါမှာတော့ သူ့ကိုစိန်များဖြင့် ခြယ်သ ထားတဲ့ အထူးထုတ် မော်ဒယ်ကိုမိတ်ဆက်လိုက်ပါတယ်။ လက်ပတ်ကြိုးနဲ့ နာရီဘောင်မှာစိန်ပေါင်း ၅၈၉ လုံးဖြင့် အလှဆင်ထားပြီး ဒေါ်လာ ၁၈၀ ၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၂၅၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး တန်ဖိုးကြီးမားတဲ့အတွက် အနည်းငယ်သာ ထုတ်လုပ်ရောင်းချမှာပါ။

နာရီရဲ့ ကိုယ်ထည်ကိုရွှေဖြူဖြင့် အုပ်ထားပါတယ်။ စိန်နဲ့ ရွှေဖြူများက လွဲပြီးအခြားအစိတ်အပိုင်းများဟာမူလမော်ဒယ်နဲ့ တူညီနိုင်ပါတယ်။ ကုမ္ပဏီကသူ့ရဲ့ သတင်းအချက်အလက်အသေးစိတ်ကိုမပြောသေးပါဘူး။ လက်ပတ်ကြိုးမှာစိန်ပေါင်း ၄၉၅ လုံးတပ်ဆင်ထားပါတယ်။စိန်များအားလုံး ဟာ78 VVS Baguette Diamondsအမျိုးအစားများ ဖြစ်ကြပါတယ်။

မော်ဒယ်အသစ်ဟာမော်ဒယ်အဟောင်းနဲ့ Specifications အပိုင်းမှာ တူညီမယ်ဆိုရင် သူ့မှာမော်ဒယ်အသစ်မှာ ၁.၃၉ လက်မ 400x400 Display တပ်ဆင်ထားနိုင်ပါတယ်။ ရေအနက် ၅၀ မီတာအထိယူဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 512MB RAM , 4GB Storage များပါ ပါတယ်။ NFC ဆက်သွယ်မှုပါပြီး Android Pay ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်ပါတယ်။ တည်နေရာခြေရာခံမှုအတွက် GPS တပ်ဆင် ထားပါတယ်။

Source: Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။