ရန်ကုန်တွင် ဆန္ဒပြကြတဲ့ သူနာပြုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ

ထိုဖြစ်စဉ်မှာ အစိုးရက ၂၀၁၇ ဖေဖေါ်ဝါရီလ ၁ ရက်နေ ့က ထုတ်ပြန်လိုက်သည့် သူနာပြုလိုင်စင်ထုတ်ပေးမည့် အချိန်နှင့် ပတ်သက်ပြီး သူနာပြုတက္ကသိုလ်မှ

ကျောင်းသားကျောင်းသူများက ဆန္ဒပြကြခြင်းဖြစ်ပါသည်။

သူနာပြုတက္ကသိုလ်၌ ကျောင်းပြီး၍ ဘွဲ ့ရသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ၃ နှစ်တာဝန်ထမ်းဆောင်ပြီးမှသာ

သူနာပြုလိုင်စင်ထုတ်ပေးမည်ဆိုသော ထုတ်ပြန်ချက်အပေါ် ကျောင်းသူ ကျောင်းသားများက မတ်လ ၁၅ ရက်နေ ့တွင် ကန် ့ကွက်ဆန္ဒပြကြပါသည်။

ယခုဆန္ဒပြပွဲတွင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်ခန် ့ပါဝင်သည်ဟု သိရှိရပြီး သူနာပြုတက္ကသိုလ်မှ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်အထိ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

Source: Irrawaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။