ကားမီးလောင်၍ ၈ လောင်းပြိုင်သေဆုံးမှုနှင့်ပတ်သတ်ပြီး နောက်ဆွဲတွဲ သတင်းများ ဆက်လက်ထွက်ပေါ်

ဇန်နဝါရီလ လဆန်းပိုင်းလောက်က အမြန်လမ်းမပေါ်မှာ အံစာတုန်းကားတစ်စီး မီးလောင်ခဲ့ပြီး ကားပေါ်ပါလာသူ ၉ ဦးအနက် ယာဉ်မောင်းမှအပ ၈ ဦးသေဆုံးခဲ့တဲ့ အမှုဟာ လူထုစိတ်ဝင်မှုမြင့်မားလျက် ရှိနေဆဲဖြစ်ပါတယ်။ ထိုအမှုနဲ့ ပတ်သတ်ပြီး လွတ်မြောက်ခဲ့သူ ယာဉ်မောင်းကို သံသယရှိသူအဖြစ် ကနဦး ထိမ်းသိန်းခဲ့ပြီး နောက်ပိုင်း CID ကတာဝန်ယူဆောင်ရွက်ကာ သာမန်ကားတိမ်းမှောက်မှုသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယခုအခါ လူမှုကွန်ယက်ပေါ်တွင် CID မှ ငွေလာဘ်စားပြီး အမှုကိုဖုံးကွယ်ထားတယ်ဆိုတဲ့ အရေးအသားတွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိနေပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖော်ထုတ်ရေးသားသူကတော့ လိပ်ကျွန်းလူသတ်မှုအပါအဝင် မြန်မာနိုင်ငံရဲ့ မှုခင်းတွေကို ထောက်ပြဝေဖန်လေ့ရှိတဲ့ Pyi Moe Aung ဆိုတဲ့ ဖေ့စ်ဘုတ်ခ်အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ ၄င်းက သူ့ရဲ့လူမှုစာမျက်နှာမှာ ဒီ ၈ လောင်းပြိုင်ကားမီးလောင်မှုဟာ လူသေမှုမဟုတ် လူသတ်မှုဖြစ်ပြီး ဒီအမှုနဲ့ပတ်သတ်လို့ CID ကငွေလာဘ်စား ဖုံးကွယ်ထားတယ်ဆိုတဲ့ အရေးအသားပါ စာတွေကို ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ်။

၈လောင်းပြိုင်လူသတ်မှုအပေါ် အဖွဲ့လိုက် ငွေစားသွားတဲ့ CID

================================

(မကျေနပ်သူရဲတဦးမှ သတင်းပေးပို့ပါသည်)

၈လောင်းပြိုင်အမှုမှာ

အမြန်လမ်းရဲစခန်းက စစ်ဆေးရာမှာ

ကားမီးလောင်မှုဟာ ပုံမှန်မဟုတ်ဘူးလို့

ယူဆရင်းကားမောင်းသူအောင်ခန့်ကို သေချာစစ်ဆေးခဲ့ပါတယ်။

နောက်ဆုံးမှာအောင်ခန့်ကဝန်ခံလိုက်ရတယ်။

အောင်ခန့်ဟာ ကားမောင်းသူ သူသာဖြစ်တယ်လို့

ဝန်ခံလိုက်တာမဟုတ်ပါဘူး။ ဖြစ်စဉ်အကုန်ကိုဝန်ခံလိုက်တာပါ။

သူဟာ အခိုင်းခံရသူတဦးဖြစ်ပြီး

သူနှင့်အတူ ကျူးလွန်သူ နောက်တဦးလည်းရှိပါတယ်။

အောင်ခန့်ဝန်ခံလိုက်တဲ့ဖြစ်စဉ်အပါ်မှာ နားထောင်ရင်း

အမြန်လမ်းရဲစခန်းက တာဝန်ရှိသူတွေဟာ

သူတို့ဆက်ကိုင်လို့မရတော့ဘူးဆိုတာ သိသွားပါတယ်။

ဒါနဲ့ သူတို့ဟာ CID ကို အကြောင်းကြားလိုက်တယ်။

CID က တာဝန်ရှိသူတွေက ဘယ်လိုလုပ်မလဲလို့

ဆိုင်ရာ တွေကို မေးလိုက်ချိန်မှာ

CID က ရဲမှူး မိုးအောင်နဲ့ညှိနှိုင်းရေးလုပ်ပြီး

အမှုကို အမြန်လမ်းရဲစခန်းကနေ လွှဲပြောင်းယူလိုက်ပါတယ်။

အမှုတွဲမှတ်တမ်းတခုလုံးကို လွှဲပြောင်းယူသွားတာပါ။

ကံဆိုးချင်တော့ လှည်းကူးက သက်သေတွေဟာ

စပီကာနဲ့ဆက်သွယ်ပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။

ဒါကို ရဲမှူးမိုးအောင်က ဒီသက်သေတွေက ပညာနိမ့်တယ်

သက်သေမဖြစ်ဘူးလို့ ရုံးတော်တင်ဘို့ပယ်ချခဲ့ပါတယ်။

ကားဒရိုက်ဘာ အောင်ခန့်ကိုလည်း အမှုကိုသက်သာစွာ

လုပ်ပေးပြီး ထောင်သက်နည်းအောင် လုပ်ပေးမည်ဟု

အာမခံပြီးညှိနှိုင်းထားသည်ဟုသိရပါသည်။

သက်သေ အမှန်တွေကို အတုလုပ်

သက်သေအတုတွေကို အမှန်လုပ်ပြီး

လူသတ်သမားများကို ကူညီခဲ့ပေးတဲ့အတွက်

ငွေသိန်း ၂ဝဝဝနီးပါး ဆုလဒ်ရရုံသာမက

မကြာခင် သူလိုချင်သော ရာထူးကိုလည်း

တိုးမြှင့်ခံရမည်လည်း အာမခံချက်ရထားကြောင်း

သိရပါသည်။

ငွေခွဲဝေတဲ့အခါမှာ

အမြန်လမ်းရဲစခန်းကဝေစုနည်း၍ ပြသနာတက်ကြသေးပါသည်။

သို့ပါ၍ လက်ရှိ လူသေမှုဟု ရုံးတော်တင်ထားသော အမှုကို

ပြန်လည်စစ်ဆေးပြီး အမှုစစ်ဆေးသောတဖွဲ့လုံးကို

အရေးယူဆောင်ရွက်သင့်ကြောင်း သတငး်ပေးသူမှ

အကြံပေးသွားပါသည်။

အိုဘယ့် စီအိုင်ဖီ.. !!

ဒီပို့စ်ကို ၀ိုင်းဝန်းရှယ်ပြီး နိုင်ငံတော်လူကြိးများကြား

အမြန်ရောက်ကူညီနိုင်ပါစေ။

၈လောင်းပြိုင်အမှုနှင့် CID၏ မူမမှန်လုပ်ရပ်များ

=======================

ကားမီးလောင်မှုဖြစ်သည့်နေ့----၂၁.၁.၂၀၁၇

ကားသမားအောင်ခန့် က သူမမောင်းဘူးဟု လိမ်ပြောပြီးမှ

မောင်းပါတယ်ဟုပြန်ဝန်ခံသောနေ့----၂၄.၁.၂၀၁၇

CID မှ အမြန်လမ်းရဲစခန်းကိုကြေးနန်းပို့ပြီး

အမှုကို လွှဲပြောင်းယူသွားသောနေ့-- ၂၅.၁.၂၀၁၇

+++

၁) အမြန်လမ်းရဲစခန်းက သေချာစစ်လို့

သူမောင်းတာမဟုတ်ဘူးလို့ငြင်းခံနေတဲ့

အောင်ခန့်ဟာနောက်ဆုံးဝန်ခံရတယ်။

အဲ့ဒီမှာ လုပ်ကြံသူတွေက နောက်ခံဘက်ကရောင်းကောင်းတော့

CID ကို အမှု လှမ်းတောင်းပြီးကိုင်ခိုင်းတယ်။

ဒီပုံစံနဲ့ဆို မကြာခင်အကုန်ပေါ်တော့မှာ ဖြစ်တယ်။

ကျနော်မိသားစုဝင်တွေတောင်းဆိုလို့

CID ကိုင်တယ်ထင်ပေမယ့်

တကယ်တမ်းမှာ ဘယ်မိသားစုဝင်မှ မတောင်းဆိုပဲ

အခြေနေ တိုးတက်နေပြီဖြစ်တဲ့ လှမး်တောင်းပြီးကိုင်တယ်။

၂) CID အမှုစစ်ရဲမှူးမိုးအောင်ကိုယ်တိုင်နဲ့နောက်လိုက် တို့ဟာ

မိသားစုဝင်တွေအမှုတွေနဲ့ပက်သက်လို့

မေးမြန်းတဲ့ကိစ္စတွေမှာလည်းပေါ့ပျက်ပျက်လုပ်ပစ်တယ်။

၃) လှည်းကူးရွာသားသက်သေတွေကိို ပညာရေးအရည်ချင်းနိမ့်တယ်ဟု ဆိုကာ သက်သေ

အဖြစ်စာရင်းမသွင်းပေးပဲပယ်ချခဲ့တယ်။

၄) VDO ဖိုင်သက်သေတခုမှာ ကားကိုမီးသတ်ပိုက်နဲ့ ရေ လောင်းပြီးချိ်န် ချက်ခြင်း

လူတယောက်က ရိုက်ထားသည့်အနေထားမှာ အောင်ခန့်ပြောသလို ရှေ့ကားခေါင်းမှာ

ဦးဝင်းထွန်းကိုမတွေ့ပဲ ရှေ့ခန်းမှာဟောင်းလောင်းဖြစ်နေတယ်။ ဒီဖိုင်ကို တရားလိုမိသားစုက

တင်ပြတဲ့အခါမှာ မီးသတ်ပိုက်နဲ့ရေလောင်းလို့ ဦးဝင်းထွန်းအလောင်းဟာ နောက်ခန်းကို ရောက်သွားတယ်လို့ ပရမ်းပတာပြောပါတယ်။

၅) နောက်ဆုံးမှာ အရှက်ကမ်းကုန်စွာ ၈လောင်းပြိုင်လူသတ်မှုကို မတော်တဆမှုလို့

CID က အမှုဆင်ပြီး ရုံးတင်လိုက်ပါကြောင်း။

+++

CEO ဦးဝင်းထွန်းကုမ္ပဏီရဲ့ လူကြီးက

ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကိုကိုရဲ့သား ဖြစ်တယ်။

ဒီလို ၀ိတ်တွေ သိပ်ကြီးတဲ့ အမှုကို CID က

ကိုင်တဲ့အခါ ဘယ်ဘက်က ပါပြီးကိုင်မလဲဆိုတာ

အားလုံးလည်း သိပြီးလောက်ပါပြီ။

နောက်ဆုံးပြောလိုတာက ပြည်ထဲရေးဝန်ကြီးဟာ

သူ့လူမာဖီယာတွေကို မနိုင်ဘူးဆိုရင်

အစိုးရနဲ့အမြန်ဆုံးပူးပေါင်းပြီး ဖြုတ်တန်ဖြုတ် ပြင်တန်ပြင်သင့်ပါပြီ။

မတရားခံရတဲ့ပြည်သူလူထုရဲ့ဒေါသက ခင်ဗျားတို့နဲ့ ခင်ဗျားမိသားစုတွေပေါ်မကြာခင်

ဆိုးဝါးစွာ ရောက်လာတော့မှာ မမေ့ပါနဲ့။

ပညာရေးကို ချိုးနှိမ်ခံထားရတဲ့ ပြည်သူတွေက

သိပ်ကြီးရှည်ရှည်ဝေးဝေး စဉ်းစားမဟုတ်ဘူးလို့

သတိပေးရင်း ၈လောင်းပြိုင် လူသတ်မှုကို

အမြန်ဆုံးမျှတစွာဖော်ထုတ်ပေးဘို့တောင်းဆိုပါတယ်။ လင်းယုန်မာန်

Source: Pyi Moe Aung

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။