သတိမေ့တယ်ဆိုတာက အများစု ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဒါပေမဲ့ မေ့တယ် ဆိုတာကိုလည်း ပေ့ါပေ့ါဆဆ မနေသင့်ပဲ ဂရုစိုက်သင့်ပါတယ်။ မေ့တာ အရမ်းများလာတဲ့အခါ အလုပ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီ့ထက် ဆိုးရွားလာတဲ့ အခြေအနေဆိုရင်တော့ လူမှုဘ၀ တိုးတက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဒီလို ခဏ ခဏ မေ့ရတာလဲ ဆိုရင်တော့ ….

- စိတ်ဖိစီးမှု များခြင်း

- အလုပ် တာဝန် များလွန်းခြင်း

- စိတ်ပူပန်မှုများခြင်း

- အိပ်ရေး မဝခြင်း

- အစားအသောက် ချို့တဲ့ခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါဆို ဘယ်လိုနည်းနဲ့ ကာကွယ်ကုသရမလဲ ???

- ဘယ်လိုနည်းနဲ့ မှတ်မိနိုင်လဲ ဆိုတာကို (မိမိကိုယ်ကို) သတိထားကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် မှတ်မိတာခြင်း မတူတာကြောင့် ပုံသေ မှတ်ထားလို့ မရနိုင်ပါဘူး။ (ဥပမာ - တစ်ချို့က အသံကို မှတ်မိတယ်၊ တစ်ချို့က ရုပ်ကို မှတ်မိတတ်တယ်၊ တစ်ချို့က ချရေးမှတ် ထားမှ မှတ်မိတတ်တယ် ..)

- Memory game ဆော့ပေးပါ။

- မှတ်မိစေဖို့အတွက် အကျင့်လုပ်ပြီး မိမိကိုယ်ကို သတိရှိပါ။

- အသစ် အသစ်သော ပညာရပ်များကို လေ့လာ သင်ယူပါ။

- စာဖတ်ပါ။

- အကြောင်းအရာ တစ်ချို့ကို မှတ်ထားပြီး သတိရလာအောင် မကြာခဏ တွေးပေးပါ။

- အသက်ရှု လေ့ကျင်ခန်း ပြုလုပ်ပါ။

- ဦးနှောက်၊ မှတ်ဉာဏ်အားကို အားဖြစ်စေမဲ့ အစားသောက်များကို စားသုံးပေးပါ။

ဘယ်လို အစားအစာတွေက မှတ်ဉာဏ်အား ကောင်းစေလဲ ?????

- Vitamin A, E ပါတဲ့ အစားအသောက်များ

- ငါးကြီးဆီ

- အသီးအရွက်များ

- ဆော်လမွန် ငါး

- အခွံမာ (အစေ့) များ စသည်တို့ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု မများအောင် နေပါ။ အိပ်ရေး ၀၀ အိပ်ပါ။ ရေ များများသောက်ပါ။ အလွယ်ကူဆုံးဖြစ်တဲ့ လမ်းလျှောက်သော လေ့ကျင့်ခန်း ပြုလုပ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။ စသည်တို့ ပြုလုပ်ခြင်းဖြင့်လည်း မကြာခဏ မေ့တတ်သော အကျင့် (ရောဂါ) ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။