မျက်နှာဆိုတာ လူတိုင်းအတွက် ပထမဦးဆုံး ဖော်ပြမှု တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာ အသားအရေကို အရမ်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ Cosmetics ၊ Skin Care လိုမျိုး ဓာတုပါဝင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုနိုင်သလို ငွေကြေး အကုန်အကျသက်သာပြီး သဘာဝအတိုင်း ကုသနိုင်တဲ့ အိမ်တွင်းကုထုံးနည်းလေးတွေနဲ့လည်း မျက်နှာ အသားအရေကို ဂရုစိုက်နိုင်ပါတယ်။ ဒီတစ်ခါ တင်ဆက်ပေးချင် တာကတော့ မျက်နှာအဆီပြန်သူတွေအတွက် သင့်တော်လွန်းလှတဲ့ အိမ်တွင်းကုထုံးနည်းပဲ ဖြစ်ပါတယ်။


လိုအပ်တဲ့ ပစ္စည်း

- ပျားရည် ထမင်းစားဇွန်း ၁ ဇွန်း

- နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(လိုအပ်တဲ့ ပစ္စည်းပါဝင်မှု နည်းပါးပြီး လွယ်ကူလွန်းတာကြောင့် အချိန်မရွေး ပြုလုပ်နိုင်ပါတယ်။)

အသုံးပြုပုံ အဆင့်ဆင့်

- ပျားရည်နှင့် နနွင်းကို ရောစပ်ပြီးသမအောင်မွှေပါ။

- ထို့နောက် မျက်နှာပေါ်ကို အနှံ သုတ်လိမ်းပေးပါ။ (လက်နဲ့ လိမ်းကျံမည်ဆိုလျှင် လက်မှာ နနွင်းအရောင်ကို စွဲထင်ကျန်ခဲ့နိုင်တာကြောင့် Brush အပျော့လေးနဲ့ လိမ်းခြင်းက ပိုပြီး သင့်တော်ပါတယ်။)

- ၁၅ မိနစ်ကြာသော အခါ မျက်နှာကို ရိုးရိုးရေဖြင့် စင်ကြယ်စွာ သစ်လိုက်ပါ။

ဒီနည်းလမ်းအတိုင်းသာ တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်မယ် ဆိုရင်တော့ အသားအရေ လှပ ချောမွေ့နေမှာဖြစ်ပြီး အဆီပြန်မှုကိုလည်း သိသိသာသာ သက်သာ ပျောက်ကင်းပါလိမ့်မယ်။ အားလုံးပဲ တစ်နေ့ထက် တစ်နေ့ ပိုလှနိုင်ကြပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။