အခုခေတ် နောက်ပိုင်းမှာ ကိုရီးယားရဲ့ စားသောက်မှု၊ အပြောအဆို၊ အနေအထိုင်၊ အပြုအမူ အားလုံး နီးပါးက အရှေ့တောင် အာရှ နိုင်ငံတွေကို ကူးစက်လာခဲ့ပါတယ်။ မြန်မာမှာလည်း ကိုရီးယားရဲ့ မရှိမဖြစ် စားစရာ တစ်ခုဖြစ်တဲ့ ကင်မ်ချီကို ကြိုက်နှစ်သက်စွာ စားသုံးလာကြပါတယ်။ ကင်မ်ချီလုပ်တဲ့ နည်းလမ်းပေါင်း ၂၀၀ ကျော်ရှိပြီး လုပ်တဲ့ နည်းလမ်းပေါ်မူတည်ပြီး အရသာတွေပြောင်းလဲသွားပါတယ်။

ကင်မ်ချီတစ်ခွက်မှာ ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗွန်ဟိုဒရိတ်၊ အမျှင်ဓာတ်နဲ့ သကြားဓာတ်စသဖြင့် ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကင်မ်ချီ စားဖြစ်တဲ့ ကိုကို၊ မမတွေအတွက် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

ကင်မ်ချီစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

- အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။

ကင်မ်ချီမှာ အစာခြေစနစ်ကို အားကောင်းစေတဲ့ Probiotics တွေပါဝင်တာမို့ အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။

- ကိုလက်စထရောဓာတ်ကို လျော့ချပေးတယ်။

ကင်မ်ချီမှာပါဝင်တဲ့ ကြက်သွန်ဖြူမှာ Allicin ဓာတ်နဲ့ Selenium ဓာတ်ပါဝင်ပြီး ဒီဓာတ်တွေက သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။


- သွေးကြောပိတ်တာကို ကာကွယ်ပေးပါတယ်။

Selenium ဓာတ်က သွေးကြောထဲမှာ အနယ်ထိုင်တာကို လျော့ချဖယ်ရှားပေးတာကြောင့် သွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် နှလုံးရုတ်ရပ်ရပ်တန့်တာနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်။

- ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကို ဖယ်ရှားပေးတယ်။

ကင်မ်ချီမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

- အသားအရေ လှပစေတယ်။

ကင်မ်ချီမှာ Lactobacillus ဘက်တီးရီးယားပါဝင်တာကြောင့် အသားအရေမှာ အလက်ဂျစ်ဖြစ်တာ၊ အနီစက်တွေထွက်တာတို့ကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းတာတွေကိုလည်း လျော့ပါးစေပါတယ်။

ကင်မ်ချီရဲ့ ဆိုးကျိုးတွေကတော့

ကင်မ်ချီမှာ ဆားပါဝင်မှုများတာကြောင့် သွေးတိုးရှိသူတွေကတော့ ကင်မ်ချီကို စားတဲ့နေရာမှာ သတိထားသင့်ပါတယ်။ ကင်မ်ချီစားတာများရင် သွေးတိုးစေနိုင်ပြီး နှလုံးကိုလည်း ဆိုးကျိုးတေ သက်ရောက်နိုင်ပါတယ်။ တန်ဆေး လွန်ဘေးမို့ အလွန်အကျွံ မစားသုံးမိကြဖို့ တိုက်တွန်းချင်ပါတယ်။

ဖော်ပြပါ နည်းလမ်းများ သိရှိပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်အောင် ကင်မ်ချီကို စားသုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာ ချမ်းသာပြီး သာယာပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။