ဦးဝီရသူကို ဘာကြောင့်တရားဟောခွင့် ပိတ်ပင်ထားသလည်း 

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အတွက် ဆောင်ရွက်တဲ့ ဆရာတော် ဦးဝိရသူဟာ နိုင်ငံရဲ့ မည်သည့်နေရာမှာမျှ ၁ နှစ်အတွင်း တရားမဟောရဆိုပြီး ပိတ်ပင်ခံလိုက်ရပါတယ်။ ဒီကိစ္စဟာ မဘသ အဖွဲ့ဝင်များကြား လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး လူထုစိတ်ဝင်စားတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။

ဒါ့ကြောင့် ဆရာတော်ဦးဝိရသူဟာ မတ်လ ၁၁ ရက်နေ့ညက အိမ်မဲမြို့မှာကျင်းပခဲ့တဲ့ တရားပွဲမှာ ပါးစပ်ကို တိပ်ဖြင့်အမှားပုံခပ်နှိပ်ကာ ဝစီပိတ်တရားဟောပွဲ ကျင်းပခဲ့ပါတယ်။ ဒီသတင်းဟာ လတ်တလောမှာ အလွန်ကို ပျံ့နှံ့နေပြီး လက်ရှိတက်လာတဲ့ Video File ဟာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရခြင်းအကြောင်း ဖြစ်နိုင်တယ်ဆိုပြီးပြောဆိုနေကြတာတွေ တွေ့ရပါတယ်။

"ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေအနေနဲ့ ဘိန်းစားကိုယူရမယ်။ဘိန်းစားမရှိရင် အရက်သမားကိုယူရမယ်။ဒါမှမဟုတ်ရင် အသောက်အစားကင်းတဲ့ သံဃာတွေလွှတ်ပေးမယ်တဲ့လေ။ရဟန်းသံဃာတွေကိုတောင် မိန်းမပေးစားလိုက်သေးတဲ့ကိုယ်တော်ကြီး ... သာဓုပါဗျာ။

ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေအနေနဲ့ ခွေးကိုယူရမယ်။ခွေးလည်းအဆင်ပြေပါတယ်တဲ့လေ။အရပ်ထဲကခွေးက ညစ်ပတ်တယ်ဆိုရင် နိုင်ငံခြားကခွေးတွေမှာပေးမယ်။မတ်တပ်ရပ်လိုက်ရင် လူတရပ်လောက်ရှိတော့ ကောင်းမှကောင်းပဲ။စိန်နဲ့မြတောင် ဝယ်ပေးလိုက်ဦးမယ်တဲ့လေ" ထိုအကြောင်းအရာမျိုးကို ရည်ညွှန်းတဲ့ ဟောပြောမှုမျိုးကြောင့် တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်ပါတယ် ပရိသတ်ကြီးရေ………

Source: Social Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။