ယောက်ျားလေးရော မိန်းကလေး အများစုပါ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ထားရှိဖို့ လိုအပ်ပါတယ်။ အလှအပအတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိသင့်ပါတယ်။ ယခုခေတ်မှာ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ဝိတ်ချနည်း မျိုးစုံ ရှိပါတယ်။ ကိုယ်အလေးချိန်လျော့ဖို့အတွက် နည်းလမ်းများကို လိုက်နာနေသော်လည်း ကိုယ်အလေးချိန် မလျော့နည်းခြင်း၊ ဝိတ်မကျရခြင်းတွေလည်း ဖြစ်နေပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရလဲ ဆိုတာနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Latin Hormone (အသားဓာတ်) တစ်မျိုးကိုလည်း ကိုယ်အလေးချိန် လျော့တဲ့အခါမှာလည်း အသုံးပြုလေ့ ရှိပါတယ်။ သူ့ရဲ့ သဘောသဘာဝကို ဦးနှောက်ကို စားချင်စိတ် မဖြစ်ပေါ်အောင် သတင်းပေးပို့တဲ့ အလုပ်ကို လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စားချင်စိတ် မရှိတာကြောင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေပါတယ်။ အစားအသောက်ကိုလည်း လျော့စား သလို ဖြစ်စေပါတယ်။

အဲ့ဒီ Latin Resistance ဖြစ်ပေါ်လာတဲ့အခါ (တစ်နည်းအားဖြင့် အသားဓာတ် မတိုးတော့တဲ့အခါ) မှာ လေ့ကျင့်ခန်းပုံမှန် လုပ်နေသော်လည်း ဝိတ်မကျတာမျိုး ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဆီ၊ အစိမ့် နဲ့ အစားအသောက်တွေ အရမ်းစားတဲ့အခါမှာ Latin ဓာတ် မတိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဝိတ်ချဖို့ အရမ်း ခက်ခဲသွားပါလိ့မ်မယ်။ ဒါ့ကြောင့် အခုအချိန်မှာ ခန္ဓာကိုယ် အလေးချိန် လျော့ချ နေချိန်ဖြစ်စေ၊ ပုံမှန် အနေအထား ခန္ဓာကိုယ် အလေးချိန် ဖြစ်စေ အောက်ပါ အချက်တွေကိုတော့ ပြုလုပ်သင့်ပါတယ်။

(၁) အဆီ၊ အစိမ့်၊ ချိုလွန်းသော အစာကို တတ်နိုင်သလောက် လျော့စားဖို့လိုတယ်

(၂) ဆေးလိပ်သောက်ခြင်း၊ အရက်သောက်သုံးခြင်းကိုလည်း လျော့ချဖို့ လိုတယ်

(၃) ကိုယ်လက် လှုပ်ရှား ပုံမှန်လုပ်ပေးဖို့ လိုပါတယ်

(၄) အနည်းဆုံး တစ်နေ့ကို နာရီဝက် (မိနစ် ၃၀) ကြာ လမ်းလျှောက်ခြင်း၊ အားကစားလုပ်ခြင်း ပြုလုပ်ပေးသင့်ပါတယ်။

(၅) စိတ်ဖိစီးမှုကို လျော့ချ သင့်တယ်

(၆) အိပ်ရေး၀၀ အိပ်ဖို့လိုတယ်

အားလုံးပဲ ကျန်းမာလှပသော ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။