လူတစ်ယောက်မှာ ကျန်းမာရေးက အဓိက ကျတာမို့ လူတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ရောဂါဖြစ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကလည်း အလွန်ပင် အရေးကြီးပါတယ်။ ကျန်းမာရေး ကောင်းမွန်စေဖို့ ဖြည့်စွက်အစာများ စားသုံးခြင်း၊ ကျန်းမာရေး ဆေးများ စားသုံးခြင်း၊ Gym ကစားခြင်း .. စတာတွေ လုပ်တဲ့အခါ ငွေကြေးအကုန်အကျတွေ များတာကြောင့် အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကုန်ကျစရိတ်တွေ သက်သာမယ့် လျှို့ဝှက်ချက်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တရားထိုင်ပါ။ (သို့မဟုတ်) ဗီဒီယို ဖိုင်များ ကြည့်ပြီး ယောဂ ကျင့်ပါ။

တရားထိုင်တာက ဘာသာရေးလို့ မယူဆဘဲ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အလွန် အထောက်အကူ ပေးပါတယ်။ တရားထိုင်ခြင်း/ ယောဂကျင့်ခြင်းက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပြီး လန်းဆန်းတက်ကြွမှု စိတ်ကြည်လင် လန်းဆန်းမှုကိုလည်း ဖြစ်စေပါတယ်။

(၂) အစိမ်းရောင် အသီးအရွက်များ များများစားပါ။

အသားငါးများ စားသုံးခြင်းက လတ်ဆတ်ရင်တော့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပေမယ့် ထိုးဆေးများနှင့် မလတ်ဆတ်သော အသားများကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက် များ စားတဲ့ အခါ အကုန်အကျ သက်သာမယ့်အပြင် ကျန်းမာရေးကိုပါ အထောက်အကူပေးတဲ့ အစိမ်းရေရာင် အသီးအရွက်များကို များများ စားသုံးပေးသင့်ပါတယ်။

(၃) အိမ်တွင်း လေ့ကျင့်ခန်းလုပ်ပါ။

ငွေကြေးအကုန်အကျ များပြီး Gym မှာ ကစားခြင်းထက် အိမ်တွင်း လေ့ကျင့်ခန်းများကို အနည်းဆုံး တစ်နေ့ကို နာရီဝက် လုပ်ပေးပါ။

(၄) လမ်းလျှောက်ပါ။

လမ်းလျှောက်ခြင်းကလည်း လေ့ကျင့်ခန်းထဲက အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ အကယ်၍များ အိမ်တွင်း လေ့ကျင့်ခန်း လုပ်ဖို့တောင် အဆင်မပြေ ဖြစ်နေတယ် ဆိုရင်တော့ နေ့စဉ် လမ်းများများ လျှောက်ပေးပါ။ အပေါ်မြင့် အလွှာများကို ဓါတ်လှေကား၊ စက်လှေကား အသုံးပြုခြင်းထက် လှေကားကိုသာ အသုံးပြုပါ။

(၅) လမ်းဘေး အစားအစာများနှင့် discount အစားအစာများ ရှောင်ပါ။

လမ်းဘေး အစားအစာများကို လွယ်လင့်တကူ ဝယ်စားခြင်းက သန့်ရှင်းလတ်ဆတ်မှု နည်းပါးတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် expired date နီးသော အစားအစာများနှင့် discount ချထားသော အစားအစာများကိုလည်း တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

(၆) ရေများများ သောက်ပါ။

ရေကို တစ်နေ့လျှင် အနည်းဆုံး ဖန်ခွက် ၈ ခွက် သောက်သုံးခြင်းက အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်ပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးခြင်းဖြင့် ရောဂါများမှ ကာကွယ်ပြီးသား ဖြစ်သလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။