တစ်လတစ်ကြိမ်ရွေးထုတ်ပေးနေတဲ့ သိန်းတစ်သောင်းဆုရှင်နှင့် အခြားသိန်းဆုရှင်များစွာရဲ့ ကံထူးမှုတွေကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပါပြီ။ မနေ့က ဇန်နဝါရီလ(၁)ရက်နေ့ မနက်ပိုင်းမှာလည်း အောင်ဘာလေသိန်းတစ်သောင်း ကံထူးရှင်နဲ့ အတူ အခြားသိန်းဆုကံထူးရှင်များစွာကို ရွေးထုတ်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ (၂၂) ကြိမ်မြောက် သိန်းဆုကြီးတွေထဲမှ ဆုကြီးတစ်ဆုဖြစ်တဲ့ သိန်း ၃၀၀၀ဆုကံထူးရှင်တစ်ယောက်ကတော့ မကြာသေးမီကပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ကံထူးရှင် မဝါဝါလှိုင်ကတော့ ရတနာပုံတက္ကသိုလ်မှ တတိယနှစ် (ဘူမိဗေဒ) ဘာသာကို တက်ရောက်သင်ယူနေတဲ့ ကျောင်းသူတစ်ဦးပဲဖြစ်ပါတယ်။ 

သူမကတော့ ပြင်ဦးလွင်မြို့မှာနေထိုင်သူတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံးရက်မှာပဲ ကံကောင်းခြင်းတွေကို စတင်ပိုင်ဆိုင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။  

အဆိုပါ (၂၂) ကြိမ်မြောက်အောင်ဘာလေသိန်း(၃၀၀၀)ဆုကို တံခွန် ထီလက်မှတ်မှ ဆုခူးခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၉ ရဲ့ ပထမဆုံးရက်မှာပဲ ကျပ်သိန်း (၃၀၀၀) ကံထူးခဲ့တဲ့ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ(တတိယနှစ်) ကျောင်းသူလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးရင်း မသိရှိသေးတဲ့ ထီဝါသနာရှင်တွေအတွက် ထီးပေါက်စဉ်လေးပါ ထည့်ပေးလိုက်ပါတယ်။

Photos - Moe Thet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။