အရက်စွဲခြင်းကို အောင်မြင်စွာကုသနိုင်ခဲ့တဲ့ Batman မင်းသား Ben Affleck

လင်းနို် ့လူသားလို ့ပရိသတ်တွေ ရင်းနှီးကြတဲ့ မင်းသား Ben Affleck က အခုလိုပဲ သူ ့ရဲ ့Facebook စာမျက်နှာမှတဆင့် မှတ်သားဖွယ်စကားလေးတွေကို

ပြောသွားပါတယ်။

Ben Affleck က “ကျွန်တော် ရှေ ့ဆက်လည်းရင်ဆိုင်ရမယ့်အရာဖြစ်ပြီး အတိတ်က ပတ်သက်ခဲ့ရတဲ့ အရာဖြစ်တဲ့ အရက်စွဲခြင်းအတွက်

ကုသမှုကို ပြီးမြောက်စေခဲ့ပါပြီ။

ကျွန်တော် ဘဝကို ပြည့်ပြည့်ဝဝနေချင်ပြီး အကောင်းဆုံးဖခင်တစ်ယောက်လည်းဖြစ်ချင်ပါတယ် ။

ကျွန်တော့်ကလေးတွေကို သိစေချင်တာကတော့ မင်းတို ့လေးတွေအကူအညီလိုအပ်တဲ့အခါမှာ အကူအညီကိုရယူခြင်းဟာရှက်စရာမဟုတ်ဘူးဆိုတာကိုပါ။

ပြီးတော့ ပထမခြေလှမ်းကို စတင်ဖို ့ကြောက်ရွံ ့နေတဲ့ အပြင်လောကမှာရှိတဲ့ တစ်စုံတစ်ယောက်ကို ကူညီပေးနိုင်တဲ့ စွမ်းအားအရင်းအမြစ်လေးတစ်ခုလည်းမင်းတို ့လေးတွေကို ဖြစ်စေချင်တယ်။

ကျွန်တော်ဟာ ကျွန်တော့်မိသားစုနဲ ့မိတ်ဆွေတွေရဲ ့အချစ်ကို ရရှိလို ့ကံကောင်းပါတယ်။

အထူးသဖြင့်တော့ ကျွန်တော့်ရဲ ့မိဘတစ်ပါးဖြစ်တဲ့ ဂျင်ပါ။

ကျွန်တော်လုပ်ကိုလုပ်ရမယ့်အရာကို ပြီးမြောက်အောင်ဆောင်ရွက်နို်င်ဖို ့အတွက် ကျွန်တော့်ကို အကူအညီပေးခဲ့ပြီး ကျွန်တော်တို ့ရဲ ့ကလေးတွေကို

ဂရုစိုက်ပေးခဲ့လို ့ပါ။

ဒါကတော့ ကောင်းမွန်ပြီးပြန်လည်ကျန်းမာတဲ့ဘဝ တစ်ခုဆီသွားဖို ့လုပ်ဆောင်နေတဲ့ ခြေလှမ်းတွေအများကြီးထဲကတစ်ခုပါ”လို ့ပြောသွားခဲ့ပါတယ်။

မင်းသား Ben Affleck ဟာ အရက်ရဲ ့ဆွဲဆောင်မှုမှာ ကျဆုံးမသွားပဲ အောင်မြင်စွာရုန်းထွက်နို်င်ခဲ့ပါပြီ။

လေးစားအတုယူစရာကောင်းလှပါတယ်နော်။

Source: Ben Affleck Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။