ပိုက်ဆံမရတဲ့ show ပွဲကိုတောင် စေတနာအပြည့်နဲ့ ဖျော်ဖြေသွားတဲ့ စိုင်းစိုင်း

အရင်ကမကြိုက်တဲ့လူတောင် လေးစားသွားတယ်တဲ့နော်

ကျနော်အစကဘစိုင်းကိုမကြိုက်ဘူးဗျ!ကောင်မလေးတွေသူ့ကိုသည်းသည်းလှုပ်ပြနေတော့ဒီလူကဘာလားပေါ့!"ကျောင်းသင်္ကြန်မှာစိုင်းစိုင်းကိုဖိတ်ထ

ားတယ်တဲ့ကွ..."လို့သူငယ်ချင်းတယောက်ကပြောပါ

တယ်ဒါပေမယ့်သူ့လိုနာမည်ကြီးတယောက်က ကျောင်းသင်္ကြန်လေးကိုမလာလောက်ဘူးပဲထင်ထားတာ!လာရင်တောင်အဖြစ်ပဲဆိုပြီးပြန်မှာပဲလို့

ပဲတွေးထားခဲ့တာ!အဲ့လိုနဲ့ပွဲနေ့ရောက်လာတော့ လူကတော့အတော်စည်သဗျ!ကိုယ်လည်းပျင်းတာနဲ့ Stageစင်အရှေ့ကလူအုပ်ထဲဝင်Raveနေလိုက်တယ်!

လာမယ်ပြောထားတဲ့အားTကလည်းရောက်မလာတော့ ဂျင်းမိပြီပဲထင်ထားတာ!Stage စင်ကလည်း

သူများကျောင်းတွေလိုခမ်းခမ်းနားနားကြီးမလုပ်နိုင်

ဘူးလေ!ကျောင်းသားတွေကြီးပဲကိုယ်ထူကိုယ်ထလုပ်ရတာဒီလောက်တောင်ပဲတော်တော်ခမ်းနားနေပါပြီ!အဲ့လိုနဲ့ အားTကြီးရောက်ချလာပါရော!ညမွှေးပန်း

နဲ့Raveအပြီးမှာ အောင်ထက်ကပါရောက်ချလာပြန်

ရော!ပိုက်ဆံတပြားတစ်ချပ်မှမရပဲကျောင်းသားတွေရဲ့ကိုယ်ထူကိုယ်ထပွဲလေးကိုရောက်လာပေးလို့ကျနော်တို့ကျောင်းသားတွေရတဲ့ခံစားချက်ကတော်တော် ကြီးခမ်းနားခဲ့ပါတယ်!!!ဒီလိုနဲ့စဉ်းစားမိတာကတော့

ဘစိုင်းကတော့လုံးဝမလာနိုင်ဘူးပဲထင်ထားတာ!

အဲ့လိုနဲ့ ဝါးခနဲ အသံကြီးကြားလိုက်ရတော့ ဘာဖြစ်တာလဲပေါ့ စိုင်းစိုင်းဟဲ့စိုင်းစိုင်းလို့အသံတွေ

ကြားရပေမယ့်မဟုတ်လောက်ဘူးနောက်နေတာပဲ

ထင်ခဲ့တယ်!အဲ့လိုနဲ့မိုက်ကြီးကိုင်ပြီး အိုးလေးလှုပ်ပါ

ဟေ့နဲ့တက်ချလာမှအံ့အံ့သြသြနဲ့ယုံရတော့တယ်!

အဖြစ်ဆိုမယ်ထင်ထားတာလည်းလုံးဝမှားသွားတယ်! သူရောက်လာမှအပြင်ဘက်အခြမ်းကကျောင်း

သားတွေပါလုံးဝရောက်ချလာပြီး လူအုပ်ကမတရား

ကြီးသွားရော!သီချင်းကိုလည်းမခိုမကပ်နဲ့ဆိုချက်ပဲပွဲကတော့တော်တော်လွင့်သွားတယ်!ကောင်မလေးတွေကလည်းRaveချက်ပဲ!ကျနော်တောင်Raveတာများသွားလို့မျက်မှန်ကွဲတဲ့အထိပဲ!သုံးပုဒ်လောက်ပြီး

သွားတော့တော်တော်မောနေလို့ထင်ပါတယ်သူ့ခမျာ

ရေတွေဘာတွေထုတ်သောက်နေရတယ်!ကျနော်တို့

ကလည်းဘာမှမသိတော့ဘူး ကချင်တာပဲသိတော့

နောက်တပုဒ် နောက်တပုဒ် လို့ပဲအောက်ကအသေေ

အာ်တာပဲ!အဖြစ်ပဲဆိုမယ်ထင်ထားပေမယ့် တကယ်

နောက်တပုဒ်ကိုကျနော်တို့တောင်းဆိုတဲ့သီချင်းဆိုပေးပါတယ်! စာမေးပွဲနီးနေပြီနေမကောင်းဖြစ်မယ်ေ

တာင်ပြောသွားသေးတယ်!showပွဲကြီးတွေမှာဖျော်ဖြည်သလို ကျောင်းသားတွေနဲ့အတူ Selfieတောင် မမောနိုင်မပန်းနိုင်ရိုက်ပေးသွားသေးတယ်!ဘစိုင်းဘာလို့လူချစ်လူခင်များလည်းကျနော်သိသွားပါပြီ!

တကယ့်လူဗျာ!သူ့ကိုအားပေးတဲ့သူအတွက်ဆိုအပြုံးတချက်မပျက်ဘူး!ကျနော်သတိထားမိတာကတော့ဘစိုင်းမျက်နှာကစဝင်လာကတည်းကချိုနေတာပဲဆိုပြီးလို့ဆင်းသွားတဲ့အထိ!YUကသူ့FANတွေအပေါ်respectထားပြီးလုံးဝအပြည့်ဝပျော်ရွှင်မှုပေးသွားခဲ့တယ်!ပိုက်ဆံတပြားမှရတာမဟုတ်ဘူး!အပင်

ပန်းမခံပဲCDဖွင့်ပြီး အဖြစ်နှစ်ပုဒ်လောက်ဆိုမယ်ဆို

ပြီးလုပ်လို့ရပါတယ်!ဒါပေမယ့်သူက လေးလေးစားစ

ားပဲRespectအပြည့်ထားပြီးဆိုသွားပေးခဲ့တာ!ကျေးဇူးတင်ပါတယ်ဘစိုင်း!ကျနော်တို့YUကျောင်းသားတွေရဲ့ကိုယ်ထူကိုယ်ထသင်္ကြန်ပွဲလေးကိုပိုပြီးလှပသွားအောင်လုပ်ပေးခဲ့လို့!စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့နာမည်တလုံးကိုလေးစားစွာဖြင့်ကျနော်တို့YUကျောင်းသားတွေရဲ့ရင်ထဲမှာသိမ်းထားလိုက်ပါပြီ!ကျေးဇူးပါ

အားT!ကျေးဇူးပါအောင်ထက်!YUရဲ့ရှားရှားပါးပါး

သင်္ကြန်ပွဲလေးကိုဖြစ်မြောက်အောင်တဖက်တလှမ်းကကူညီပေးခဲ့တဲ့အဖွဲ့စည်းအားလုံးကိုလည်းကျေးဇူး

တကယ်တင်မိပါတယ်!အမှတ်တရတွေကျေးဇူးတင်

ထိုက်သူတွေအားလုံးကိုဝိဇ္ဇာမြက်​ခင်းရဲ့နှလုံးသားထဲ

မှာသိမ်းဆည်းထားခဲ့သွားပြီးပါပြီ!နောက်နှစ်မှာပြန်လည်တူးဆွရင်းဒီအမှတ်တရတွေနဲ့ဒီမြက်ခင်းကြီးပေါ်မှာပဲပြန်လည်တွေ့ဆုံပါရစေ!!!!!!!!!!!!!!!!!!!လို့ page မှာတင်ထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။