အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ပြည်တွင်းဒေသအနှံ့အပြားသာမက ပြည်ပနိုင်ငံများစွာမှာလည်း ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။ အမိမြေဖွား ညီအကိုမောင်နှမများရဲ့ ချီးကြူးဂုဏ်ပြုမှုတွေသာမက နိုင်ငံခေါင်းဆောင်ကြီးများရဲ့ လေးစားခြင်းကိုလည်း ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သိုင်းပညာရှင်များစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး လက်ရှိ One Championship (MMA) ပြိုင်ပွဲရဲ့ မတူညီတဲ့ ခါးပတ်နှစ်ခုချန်ပီယံအဖြစ်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းကတော့ လက်ရှိ အမိမြေမှာ နေထိုင်လျှက်ရှိပြီး မတ်လ ၃၁ ရက်နေ့ ထိုးသတ်မည့်A NEW ERA ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။  

လက်ရှိအောင်လအန်ဆန်းကတော့ ပြည်တွင်းနာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့တွေကို စတင်သင်ယူနေပြီး အကောင်းဆုံးလေ့ကျင့်မှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ပညာတွေကိုတော့ နာမည်ကြီးလက်ဝှေ့လောကသားတွေဖြစ်တဲ့ အောင်လအန်ဆန်း၊ ဖိုးသော်နှင့် အခြားဂျပန်နိုင်ငံမှ ဖိုက်တာများစွာလည်း လာရောက်လေ့လာသင်ကြားခဲ့ကြတာတွေ့ရပါတယ်။     

မြန်မာ့ရိုးရာလက်ဝှေ့ပညာတွေကို ကိုယ်တိုင်သင်ယူခဲ့ပြီး အကောင်းဆုံးအသုံးပြုသွားဖို့ရှိနေကြောင်း သိရပါတယ်။ အောင်လအန်ဆန်းကတော့ လာမည့် မတ်လ ၃၁ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့တွင် ပြိုင်ဘက်ဟောင်း ကန်ဟစဲဂါဝါနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်ရမှာဖြစ်ပြီး ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အဆိုပါ A NEW ERA ပြိုင်ပွဲမှာ အောင်လအန်ဆန်းတစ်ယောက် မြန်မာ့ရိုးရာလက်ဝှေ့နည်းတွေကို အသုံးပြုထိုးသတ်သွားမလားဆိုတာကတော့ ပရိသတ်တွေနဲ့အတူ စောင့်ကြည့်အားပေးကြပါပေါ့နော်....။

VIDEO - PHOE THAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။