စိုင်းစိုင်းအကယ်ဒမီပွဲဘယ်သူနဲ့တွဲတက်မလဲ

မတ်လ၁၈ရက်နေ့မှာကျင်းပတော့မယ့်အကယ်ဒမီပွဲကြီးတဖြည်းဖြည်းနီးကပ်လာပါပြီ။အနုပညာရှင်တွေ၊ဒီဇိုင်နာများအနေနဲ့လည်းအကယ်ဒမီပွဲတက်ဖို့အားသွန်ခွန်စိုက်ပြင်ဆင်နေကြပါပြီ။မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဌလူမင်းကလည်းဒီအကယ်ဒမီဆုပေးပွဲပြီးရင်နုတ်ထွက်တော့မှာမို့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုအကောင်းဆုံးပြင်ဆင်နေတာကိုတွေ့ရပါတယ်။ပရိသတ်တွေရဲ့စိတ်ဝင်စားမှုနှုန်းကလည်းတရှိန်ထိုးမြင့်တက်နေပါတယ်။

ပိုပြီးထူးခြားတာကအကယ်‌ဒမီဆု‌ပေးပွဲကိုထိုင်‌းမင်‌းသမီး‌လေးနမ်‌့ဝမ်‌တက်‌‌ရောက်‌မယ်‌ဆိုတာ‌ကြောင်‌့ပါ။From Bangkok to Mandalay ရုပ်‌ရှင်‌ဇာတ်‌ကားမှာစိုင်‌းစိုင်‌း၊‌နေတိုး၊ဝတ်‌မှုန်‌‌ရွှေရည်‌တို့နဲ့အတူသရုပ်‌‌ဆောင်‌ခဲ့တဲ့နမ့်‌ဝမ်‌ဟာရန်‌ကုန်‌မှာကျင်‌းပမယ်‌့အကယ်‌ဒမီဆု‌ပေးပွဲကိုမြန်‌မာဝတ်‌စုံ‌လေးနဲ့တက်‌‌ရောက်‌မယ်‌လို့သိရပါတယ်‌။

‌အဲ့ဒီမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တိုရဲ့နာမည်ကျော်လူပျိုကြီးကိုစိုင်းနဲ့အတူတူပွဲတက်လာမလားဆိုတာပါပဲ

ဘာလို့လဲဆိုတော့မကြာခင်ကကျင်းပခဲ့တဲ့ထိုင်းရုပ်ရှင်ဆုပေးပွဲမှာသူတို့၂ယောက်စုံတွဲခုတ်ပြီးတက်ရောက်ခဲ့ကြလို့ပါ။စိုင်းစိုင်းကိုမြင်‌‌တော့Long time no see Sai လို့အားရဝမ်းသာပြောတဲ့နမ့်ဝမ်ရဲ့အသံလေးရယ်၊သူတို့၂ယောက်ရဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်တဲ့အကြည့်လေးတွေဟာပရိသတ်တွေကိုတော့သို့လောသို့လောထင်စေခဲ့တာတော့အမှန်ပါပဲ။ထိုင်းရုပ်ရှင်ဆုပေးပွဲကော်ဇောနီပေါ်မှာအတွဲညီခဲတဲ့သူတို့၂ယောက်ကိုလည်းမြန်မာ့အကယ်ဒမီဆုပေးပွဲမှာအတူတူမြင်ချင်ကြမယ်ထင်ပါတယ်။အရမ်းကိုပျူဌာဖော်ရွေတတ်တဲ့ကိုစိုင်းကတစ်ယောက်တည်းပွဲတက်ရတဲ့နမ့်ဝမ်ကိုပစ်ထားမယ်လို့တော့မထင်ပါဘူးနော်။

Source-Nann Wahn fb

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။