ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရမှုနှစ်ခုဖြစ်ပွား

ထိုင်းကျန်းမာရေးတာဝန်ရှိသူများက ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့် ဦးခေါင်းသေးသေးဖြင့် မွေးလာသည့်ကလေးနှစ်ဦးတွေ့ရကြောင်း ထုတ်ဖော်ပြောကြားသည်။ ယင်းမှာ အရှေ့တောင် အာရှတွင် ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု ပထမဆုံးအခြေအနေဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

စက်တင်ဘာ ၃ဝ ရက်တွင် ဦးခေါင်းသေးသေးဖြင့်မွေးလာသည့် ကလေးနှစ် ဦးတွေ့ရကြောင်း၊ ကလေးနှစ်ဦး၏မိခင်များကို သွေးနှင့် အခြားသောစမ်း သပ်စစ်ဆေးမှုများအရ ကိုယ်ဝန်ဆောင်ထားစဉ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်ကြောင်း ထိုင်းကျန်းမာရေး တာဝန်ရှိသူများ က ပြောကြားသည်။

အမျိုးသမီးများကိုယ်ဝန်ဆောင်ထားစဉ် ဇီကာဗိုင်းရပ်စ်ကူးစက်ခံ ရပါက မွေးဖွား လာသည့် ကလေးများတွင် ဦးခေါင်းသေးငယ်ပြီး ဉာဏ်ရည်မဖွံ့ဖြိုးကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု ၃ဝဝ ကျော်ရှိနေသည်ဟု ဇန်နဝါရီလ ကတည်းက အတည်ပြုထားသည်။

ထိုင်းအစိုးရက ခြင်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအစီအမံများကို လုပ်ဆောင်လျက်ရှိသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထိုင်းနိုင်ငံသို့ ခရီးသွားလာခြင်းမပြုလုပ်ရန် အကြံပြုထားသည်။ စင်ကာပူနိုင်ငံနှင့် အခြားဒေသများတွင်လည်း ဇီကာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။