ပရိသတ်ကြီးရော ……ဘယ်သူတွေရမယ်ထင်လဲ

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ မည့်နေ့နီးကပ်လာတာနဲ့အမျှ အကယ်ဒမီရင်ခုန်သံတွေလည်း ပိုမို ပြင်းထန်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေရော၊ အနုပညာရှင်တွေရော ဘယ်သူတွေရကြမလဲဆိုတာကို ရင်ခုန်စောင့်စားနေကြတာလည်းဖြစ်ပါတယ်။၂၀၁၆ အတွက် အကယ်ဒမီစာရင်းဝင်ကား ၃၃ ကားရှိပြီး တစ်ဝက်ခန့်က ဟာသကားတွေပဲဖြစ်ပါတယ်။ 

၂၀၁၆ အတွက် ရေပန်းအစားဆုံးရုပ်ရှင်ကားတွေကတော့ ‘ချစ်လှစွာသော အမုန်း’ ‘အုတ်ကြား မြက်ပေါက်’၊‘ခိုးဆိုးလုနှိုက်’၊ ‘ငဘ’‘ဘွန္တောကြက်သူခိုး’ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်’ဇာတ်ကားတို့ပဲဖြစ်ပါတယ်။

အမျိုးသား ဇာတ်ဆောင်ဆုရရှိနိုင်သူဟု ထင်ကြေးပေးခံရသူတွေမှာတော့ တစ်ခါမျှ ဆုမရဖူးသေးသည့် အနုပညာရှင် များ ဖြစ်တဲ့ ထွန်းထွန်း၊မြင့်မြတ် နှင့် အောင်ရဲလင်းတိ်ု့ပဲဖြစ်ပါတယ်။

အကယ် ဒမီစာရင်းတွင်ပါဝင်သည့် ‘ခိုးဆိုး လုနှိုက်’နှင့် ‘မှော်ကျောက်စာ’ရုပ် ရှင်များကို အားရကျေနပ်မှုရှိသည် ဟု မြင့်မြတ်က ပြောကြားထားသည်။

သုံးနှစ်ဆက်တိုက်အကယ်ဒမီဆွတ်ခူးခဲ့သူ ပြေတီဦးကလည်း တော့ ‘‘ဒီနှစ် အကယ်ဒမီရင်ခုန်သံ ကမရှိဘူး။ သူများတွေကို အားရ ပါးရ အားပေးမယ်’’လို့ပဲ ပြောကြားထားသည်။

နေတိုးကလည်း အကယ်ဒမီ စာရင်းတွင် သူပါဝင်ထားတဲ့ကား၅ကားတောင်ပါသော်လည်း အကယ်ဒမီကိုရင်ခုန်နေခြင်းမရှိဘဲ မျိုးဆက်သစ်တွေကို အားပေးဖို့ပွဲတက်မယ်လို့ပြောပါတယ်။

အမျိုးသမီးသရုပ်ဆောင်ဆု အတွက် သက်မွန်မြင့်၊ဝတ်မှုံရွှေရည် နှင့် အေးမြတ်သူတို့ ကရေပန်းစားနေပါတယ်။

သက်မွန်မြင့်က ‘ချစ်လှစွာ သော အမုန်း’ဇာတ်ကား အတွက်အကယ်ဒမီရင်ခုန်သံကိုအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “အဲဒီကားလေးကို အရမ်း သဘောကျတယ်။ ဇာတ်ကားအ နေနဲ့ကလည်း တကယ့်ကို သီချင်း လေးထဲကအတိုင်း အချစ်ထက် မကတဲ့ မေတ္တာတွေနဲ့ ပုံဖော်ထား တာ။ ဇာတ်ကားလေးကို အရမ်း သဘောကျတယ်။ ကစ်ကစ်

(ဝတ် မှုံရွှေရည်)လည်း သူ့ကာရိုက်တာ ကို ပီပြင်အောင် ကြိုးစားထား တယ်။ အရမ်းလည်း ပီပြင်ပါ တယ်။ ရတာ၊ မရတာကတော့ ကံ ပါပဲ။ ကိုယ်တွေဘက်ကတော့ အရမ်းကြိုးစားထားတယ်’’  

အမျိုးသားဇာတ်ပို့စာရင်း တွင်မူ ယခင်ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း ဇင်ဝိုင်း နှင့် လက်ရှိအစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့် တို့ ထဲကတစ်ယောက်ယောက်ရနိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။

‘ချစ် လှစွာသောအမုန်း’ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရနိုင်တဲ့ ဇင်ဝိုင်းက‘‘ရင်တော့ခုန်ပါတယ်။ သို့ သော် သတိနဲ့ပဲ ခုန်ပါတယ်။ ဒါမျိုး ကလည်း ပွဲခင်းထဲရောက်ပြီး ကိုယ့်နာမည်ကြေညာမှ သေချာတဲ့ကိစ္စ ကိုး။ အဲဒီတော့ သိပ်မျှော်လင့်ထား ရင် အကျနာတတ်တယ်လေ။ သတိလေးနဲ့ပဲ ရင်ခုန်ပါတယ်။ ရသော်ရှိ၊ မရသော်ရှိ ပရိသတ်က ဒီလိုအသိအမှတ်ပြုပေးတာ ကျွန် တော့်အတွက် တစ်အားပါပဲ။ ဆုလာဘ်တစ်ခုလိုပါပဲ’’ လို့ပြောခဲ့ပါတယ်။

လူမင်းက ၂၀၁၆ အကယ်ဒမီ ဆုပေးပွဲအခမ်းအနားတွင် သရုပ် ဆောင်ဆုထက် ဒါရိုက်တာဆုကို ရချင်ကြောင်း ပြောကြားထား သည်။ “ကွန်ပျူတာ Effect, Song Design, Post Production ကအစ ပြည်တွင်း ပညာရှင်လူငယ်တွေနဲ့ပဲ လုပ်ထား တာ။ ပြည်တွင်းဖြစ်စစ်စစ်ပေါ့။ အများကြီးလည်း ကြိုးစားထား တော့ ဇာတ်ကားဆုလည်း ရစေ ချင်တယ်။ ကိုယ်ကိုယ်တိုင်လည်း လိုချင်တယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာဆုတွင် ‘အုတ် ကြားမြက်ပေါက်’ဇာတ်ကားဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ပရိသတ်ကြီးရော ……ဘယ်သူတွေရမယ်ထင်လဲ 

Source: 7daydaily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။