ဗုဒ္ဓဘာသာဝင်အများဆုံးနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေးကိုတော့ အားလုံးလည်း သိရှိကြမယ်ထင်ပါတယ်။ ဘာသာတိုင်းကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး နှစ်စဉ် ဘာသာရပ်အသီးသီးရဲ့ ပွဲတော်တွေကိုလည်း အမြဲကျင်းပလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပွဲတော်တွေထဲမှာ စည်စည်ကားကားပြုလုပ်ကျင်းပခဲ့တဲ့ မနေ့ညက ဗုဒ္ဓဘာသာတရားပွဲကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ တရားပွဲကတော့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲက ခြေတော်ရင်းရှိပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တရားနာပရိသတ်ထောင်သောင်းမကရှိခဲ့ကြောင်း သိရပါတယ်။ ၎င်း တရားပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး “နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်” ဒုတိယညဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တရားပွဲကိုအပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ကဟောကြားတော်မှုခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

တရားပွဲသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ တရားနာဧည့်ပရိသတ်များစွာလာရောက်တရားနာခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ တရားပွဲအပြီးတွင် ၇ရက်သားသမီးများစုပေါင်းလှူဒါန်းငွေသိန်းပေါင်း၁၂၇၅သိန်းကျပ်တိတိနှင့်US $ဒေါ်လာ၁၉၇၅တိတိကိုလှူဒါန်းပူဇော်နိုင်ခဲ့ပါကြောင်း သိရပါတယ်။ မြင့်မြတ်တဲ့အလှူတစ်ခုဖြစ်သလို ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ကြည့်ညိုစရာ ဓလေ့လေးပဲဖြစ်ပါတယ်။ မနေ့ညက တရားဝန်းပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ဖူးမျှော်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photos - Phyo Min Thein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။