မကြာခဏဆိုသလိုဖြစ်ပေါ်နေတဲ့ ပြည်တွင်းမော်တော်ယာဉ်သတင်းတွေကတော့ ပရိသတ်တွေနေ့စဉ်ကြားသိရမယ်ထင်ပါတယ်။ အဆိုပါ သတင်းတွေထဲမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုနှင့် သဘာဝအလျှောက်ဖြစ်ပေါ်လေ့ရှိတဲ့ ဘေးအန္တရယ်များစွာကနေ့စဉ်နီးပါး ဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ မေ့က ဇန်နဝါရီလ ၂ ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂာဒုံမြို့နယ်အနီးတွင် YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ မီးလောင်မှုကတော့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရွာမရပ်ကွက် မြို့ရှောင်လမ်းတွင် မနေ့ကညနေပိုင်း ၄ နာရီကျော်ခန့်က လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဝါယာရှော့ဖြစ်မှုကြောင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး YBS 35 ယာဉ်လိုင်းဖြစ်ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကားတစ်စီးမီးလောင်နေကြောင်း သတင်းအရ ထောက်ကြန့်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိူးကိုကိုနှင့်ရဲတပ်ဖွဲ့ဝင်များ ရွာမရပ်ကွက်အုပ်ချူ ပ်ရေးမှူ းဦးမိုးအောင်တို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကားဘက္ထရီအိုးတွင် တပ်ဆင်ထားသောအော်တိုကက်တောက်မှ အလုပ်မလုပ်တော့ပဲဝါယာရှော့ ဖြစ်ကာမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါမီးလောင်ရာသို့ထောက်ကြန့်မြို့မီးသတ်တပ်ဖွဲ့စခန်းမှမြို့နယ်မီးသတ်ဦးစီးမှူ းဦးမြင့်ဦးနှင့်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးမီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၄နာခွဲအချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။  

မီးလောင်ကျွမ်းမူ့ကြောင့်ပျက်စီးဆုံးရှုံးမူ့တန်ဘိုး ငွေကျပ်(၁၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ပြီး၊ မီးလောင်ကျွမ်းစေသောအရာအားပေါ့ဆစွာအသုံးပြု့သူ ဦးဝင်းအောင်အားထောက်ကြန့်နယ်မြေရဲစခန်းမှ(ပ)၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့်အမူဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရတယ်။ မော်တော်ယာဉ်မီးလောင်မှုတွေထဲမှာအဖြစ်များဆုံးဖြစ်တဲ့အဆိုပါ ဝါယာရှော့မီးလောင်ကျွမ်းမှုကို ယာဉ်မောင်းသူတွေသတိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - Moe Thet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။