Jolie ကိုဆယ်ကျော်သက်အရွယ်ကတည်းက တက်တူး(၁၅)ခုကျော် ထိုးထားတဲ့သူ့ကို တက်တူးချစ်သူအဖြစ် သိကြပါတယ်။ အခုတော့ ခင်ပွန်းဟောင်း Brad Pitt နဲ့ အိမ်ထောင်ရေးတည်မြဲဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းလူမျိုး ဘုန်းကြီးလူထွက် Ajarn Noo Kanpai ဆီမှာ ထိုးခဲ့တဲ့ ဆေးမင်ကြောင်ပုံတွေ ထွက်ပေါ်လာပါတယ်။

အဲဒီဆေးမင်ကြောင်တွေကို သူတို့နှစ်ဦး လမ်းမခွဲခင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီမှာ ဘန်ကောက်သွားရင်း ထိုးခဲ့တာဖြစ်ပါတယ်။ ထိုးတဲ့နေရာမှာလည်း နာကျင်မှုသက်သာတဲ့ ခေတ်သစ်ဆေးမင်ကြောင်အပ်ကို အသုံးပြုတာမဟုတ်ဘဲ အလွန်နာကျင်စေတဲ့ ရှေးယခင်ကအသုံးပြုလေ့ရှိတဲ့ ဆေးမင်ကြောင်အပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ အင်းပုံသဏ္ဍာန်ဆေးမင်ကြောင်က ဇနီးမောင်နှံနှစ်ဦး ကြာရှည်ခိုင်မြဲစွာပေါင်းဖက်နိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ကွဲကွာချိန်တန်တော့ တက်တူးတွေအလကားဖြစ်ခဲ့ရပါပြီ။

“အဲ့ဒီ့တုန်းက အရမ်းကိုခက်ခဲတ ဲ့အခိုက်အတန့်တွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာကလွဲလို့ ကျွန်မအဲ့ဒီ့အကြောင်းတွေကို အများကြီးမပြောချင်ပါဘူး။ကျွန်မတို့ဟာ မိသားစုတွေပါ။ ပြီးတော့ မိသားစုတွေ အဖြစ်အမြဲရှိနေမှာပါ။ ပြီးတော့ အဲ့လိုခက်ခဲတဲ့အချိန်ကာလကို ဖြတ်ကျော်ပြီးတော့ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ မိသားစုဖြစ်လာဖို့မျှော်လင့်ပါတယ်” လို့ ဂျိုလီက ကွာရှင်းခဲ့စဉ်အချိန်ကအကြောင်းနဲ့ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။