ဝတ်မှုန်ရွှေရည်ကတော့ ဒီနှစ်အကယ်ဒမီမှာ ချစ်လှစွာသောအမုန်း ၊ အနူးဘစ် နဲ့ From Bangkok to Mandalay ဇာတ်ကား ၃ ကား အကယ်ဒမီ ဆန်ကာတင်ပါဝင်နေခဲ့တာမို့ မမျှော်လင့်ရဲပေမယ့် ရတော့ရချင်မိတယ်ဆိုတဲ့ သူမရဲ့ အကယ်ဒမီရင်ခုန်သံကိုမေးမြန်းကြည့်ခဲ့ရမှာတော့ ... 

ဒီဇာတ်ကားတွေဟာ သူမအတွက်တကယ်ကိုပင်ပင်ပန်းပန်းကြိုးစားရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တဲ့အပြင် စားလဲဒီစိတ် သွားလဲဒီစိတ်နဲ့ ရိုက်ကွင်းပေါ်မှာငိုပြီးပင်ပင်ပန်းပန်းသရုပ်ဆောင်ခဲ့ရတဲ့ ချစ်လှစွာသောအမုန်းကို တော့ အမှတ်တရအဖြစ်ပိုမျှော်လင့်မိတယ်လို့ဆိုပါတယ် ။ From Bangkok to Mandalay ကိုရိုက်ခဲ့ရတာ အတွေ့အကြုံကောင်းတွေ အတုယူစရာတွေအများကြီးရခဲ့ပါတယ်လို့ ပြောပါသေးတယ် ။ ကံကောင်းပါစေ ကစ်ကစ်ရေ ...

Source : Myanmar Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။