နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံရဲ့ မျက်စိဒေါက်ထောင့်ကြည့်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအထင်ကရလေးတွေကတော့များစွာရှိနေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေ၊ ပြည်တွင်း နိုင်ငံရေးအခြေနေတွေနဲ့အတူ ဗုဒ္ဓဘာသာရဲ့ ထင်ရှားကျော်ကြားမှုတွေကို ပြည်ပနိုင်ငံခြားသားများစွာက နေ့စဉ်မပျက်ကြည့်ရှု့နေကြတာတွေ့ရပါတယ်။ အဆိုပါ စောင့်ကြည့်မှုတွေထဲမှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းရဲ့ သတင်းကတော့ ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာပါ ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ သတင်းလေးကတော့ ပြည်တွင်း ဗုဒ္ဓဘာသာထွန်းကားရာ သာသနာ့နယ်မြေတစ်ခုရဲ့ လေးစားစရာနေ့စဉ်အကျင့်လေးတွေပဲဖြစ်ပါတယ်။ ၎င်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက်ရှိ ဗုဒ္ဓနွယ်ဖွား သီဃာတော်များရဲ့ လေးစားကြည်ညိုစရာ နေ့စဉ်လုပ်ဆောင်မှုလေးတွေပဲဖြစ်ပါတယ်။ လာရောက်လေ့လာသူတိုင်းကို အံ့အားသင့်စေခဲ့ပြီး သံဃာတော်များစွာရဲ့ နေ့စဉ်လုပ်ဆောင်မှုလေးတွေကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။  

ပြည်တွင်းအဆိုပါ ဗုဒ္ဓဘာသာသာသနာပြုကျောင်းများစွာကို လိုအပ်လျှက်ရှိပြီး လက်ရှိ တန်ဖိုးရှိဗုဒ္ဓနွယ်ဖွားများစွာကို မွေးထုတ်ပေးလျှက်ရှိသော ကျောင်းတစ်ကျောင်း ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်းဗုဒ္ဓဘာသာဝင်တွေသာမက ပြည်ပနိုင်ငံခြားသားများစွာရဲ့ လေးစားချီးကြူးမှုကို ခံနေရတဲ့ စစ်ကိုင်းမြို့ မြစြင်္ကာကျောင်းတိုက်မှ သံဃာများရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေဖူးမျှော်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

pHOTOS - အထွေထွေဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။