ဒီနှစ်အကယ်ဒမီပေးပွဲဟာထူးထူးခြားခြား ပြည်သူ့ရင်ပြင်မှာ ရွှေတိဂုံဘုရားနောက်ခံထားပြီး
ကျက်သရေရှိရှိ ကျင်းပမှာဖြစ်တဲ့ အတွက် တတ်ရောက်မယ့် သရုပ်ဆောင်တွေလဲ ကျက်သရေရှိရှိလှလှပပလေး ဝတ်ဆင်တတ်ရောက်ဖို့ ပြင်ဆင်နေကြပါတယ် ။ 

ယွန်းယွန်း

ယွန်းယွန်းကတော့ မြန်မာဆန်ဆန်လေးပဲ ဝတ်ပါမယ် ။ ခရမ်းရောင်လေးပဲဖြစ်မှာပါ ။ အကယ်ဒမီပေးပွဲတိုင်းမှာ ခရမ်းရောင်လေးတွေပဲဝတ်ဖြစ်နေရတဲ့ အကြောင်းရင်းက နှစ်တိုင်းက အကယ်ဒမီပေးပွဲတတ်တဲ့ပုံလေးတွေကို့ ပြန်ကြည့်တိုင်းမှာ ခရမ်းရောင်စီးရီးလေးဖြစ်နေချင်လို့ပါလို့ ပြောသွားပါတယ် ။

မေသန်းနု

မေသန်းနုကတော့ လူကြီးပီပီ မြန်မာချိတ်ကလေးပဲ ဝတ်ဖြစ်ပါမယ်တဲ့ ရွှေတိဂုုံဘုရားနောက်ခံနဲ့ မို့ ကျက်သရေရှိရှိလေးဝတ်မှာပါတဲ့ ။

ဆုပန်ထွာ

ဆုပန်ထွာကတော့ ဒီဇိုင်နာ မျိုးမင်းစိုးက ဝတ်စုံရော အဆင်တန်ဆာတွေရော အကုန်စီစဉ်ပေးမှာပါ ။ အရောင်က ခဲနဲ့ အနီ ဖြစ်ပါမယ် ။ ကလေးမွေးပြီးကာစမို့ ခန္တာကိုယ် နည်းနည်းပြည့်နေလို့ အကယ်ဒမီပေးပွဲအမှီ ညစာရှောင်ပြီး ၀ိတ်ပြန်လျော့နေပါတယ်လို့ ပြောသွားပါတယ် ။

စိုးပြည့်သဇင်

စိုးပြည့်သဇင်ကတော့ အပြာရောင်လေးဝတ်မှာပါ ။ ဒီဇိုင်းနာမလတ်ကစီစဉ်ပေးမှာဖြစ်ပါတယ် ။

ထားထက်ထက်

ထားထက်ထက်ကတော့ ချိတ်လေးပဲဝတ်ပြီး မြန်မာဆန်ဆန်ကိုမှ ဒီဇိုင်းဆန်းဆန်းလေးနဲ့ ပွဲတတ်မှာပါတဲ့ ။

ပရိတ်သတ်တို့အတွက် ဒီနှစ်ဖက်ရှင်ကတော့ မြန်မာရိုးရာဝတ်စုံတွေကိုမှ အမြင်မရိုင်းအောင် ဆန်းသစ်တီထွင်ထားတဲ့ဒီဇိုင်းတွေ တွေ့ရမှာပါ ... ဘယ်သူဝတ်တာအလှဆုံးဖြစ်မလဲ ဆိုတာကိုတော့ ...

Source : myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။