ခိုင်နှင်းဝေဟာ ဆိုရင်ဟိုအရင်ချိန်ကတည်းကနေ အနုပညာနယ်ပယ်မှာ နာမည်ကျော်လူကြိုက်များခဲ့တဲ့ မင်းသမီးဖြစ်သလို ခုနောက်ပိုင်းမှာလည်း ရုပ်ရှင်ကားတွေ နဲ့ Tv ဇာတ်လမ်းတွဲ တွေမှာပါဝင် သရုပ်ဆောင်နေရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တဲ့အပြင် ပရဟိတ အလုပ်ကိုလည်း အားတက်သရော ဦးစီးဦးဆောင်လုပ်ပြီး ဆောင်ရွက်နေတဲ့ မိန်းမသားတစ်ဦးဖြစ်ပါတယ်။ သူမဟာ မိန်းမသား တစ်ဦးပေးမဲ့ ဒီလိုမျိုးပရဟိတ အလုပ်တွေကို လုပ်ကိုင်ရင်း ဘဝလောကဓံတွေနဲ့ ခက်ခဲပင်ပန်းမှုတွေ မွန်းကြပ် မှုတွေကို တစ်ယောက်တည်းရင်ဆိုင်ရင်း ရပ်တည်လာခဲ့တာလည်း ခုဆိုရင် ၅ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။  

သူမရဲ့ facebook အကောင့်မှာတော့ ဒီပရဟိတ အလုပ်ကသူ့ဘဝအတွက် ဘယ်လောက်ထိအရေး ပါတယ်ဆို တာကိုပါရေးသားဖော်ပြ ထားပါသေးတယ်။ပြီးတော့ သူမက အခုလိုပဲ ဆက်ရေးထားပါသေးတယ် ဘယ်လောက်ပဲ ဘဝမှာကြမ်းတမ်းပါစေ မိန်းမသားတစ်ဦးဖြစ်တာမို့ တစ်ခါတစ်လေတော့ မိန်းမသားဆန်ဆန် နှုးညံ့မှုတွေ ပျော့ညံ့မှုတွေကို မြတ်နိုးတယ် ဒါပေမဲ့ ဒါတွေဟာ ခုတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပြီလေ ဆိုပြီးရေးထားပါသေးတယ်။ဒါဟာလည်း မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဦးဆောင်လာတဲ့အခါ တစ်ပါးသူကို မှီခိုချင်စိတ် အားကိုးချင်စိတ်တွေ ပျောက်သွားတတ်တာ ဟာလည်း သဘာဝတရားတစ်ခုလိုပါပဲ။

နောက်ထပ် ပရိသတ်တွေကိုလည်း တောင်ဆိုးထားတာရှိပါသေးတယ် “ကျွန်မကိုချစ်ရင် ကျွန်မ အလုပ်နဲ့ ကျွန်မ ပရဟိတ တွေကိုပါ ချစ်ပေးပါတဲ့ ဒုက္ခရောက်နေတဲ့ လူတွေကိုအတတ်နိုင်ဆုံး ကူညီကာကွယ် စောင့်ရှောက်ပေးမှာမို့ ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်း ကျွန်မကို ဆက်သွယ်ပေးကြပါ “ ဆိုပြီး ပြောထား ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူချစ်တဲ့ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေလုပ်ရင်း ဆက်လက်ချီတက်နေအုန်းမှာ ပါပဲ တစ်ကယ်ကို လေးစားအားကျရတဲ့ မိန်းမသားတစ်ဦးပါနော် ပရိသတ်ရယ်  

source: khine hnin wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။