ဒီခေတ်ကြီးမှာ အလှအပ ရေးရာ စံသတ်မှတ်ချက်တွေ တဖြည်းဖြည်း မြင့်လာပါတယ်။အကိတ်ဆိုပြီး ခါးသေး ရင်ချီ တင်ကြီး ဆိုဒ်တွေဟာလည်း မိန်းကလေးတွေရဲ့ body goal လိုဖြစ်လာပါတယ်။ တချို့တွေကတော့ ခါးသေးဖို့အတွက်ဆေးတွေ စားကြ ခွဲစိတ်မှုတွေ ပြုလုပ်ကြတာနိုင်ငံတကာမှာ ပါဘဲ။ ဒီကောင်မလေးကတော့ သဘာဝအတိုင်း ခါး သေးတဲ့ ပဲခူးသူလေးဖြစ်ပါတယ်။

နာမည်က ဆုမိုမိုနိုင်ဖြစ်ပြီး သူမရဲ့ ဓာတ်ပုံတွေ အရ သေးသွယ်လွန်းသောခါးကြောင့် လူသိများလာတဲ့ သူပဲဖြစ်ပါတယ်။ တချို့တွေကလည်း photoshop နှင့် ပြင်ထားတာလို့ ပြောနေကြပေမယ့် သူမ အနေနှင့် တော့ ပုံတိုင်းလိုလို ပိုက်ဆံ အကုန်ခံပြီး လိုက်ပြင်နိုင်မှာ မဟုတ်ပါဘူး။ သူမကို အပြင်မှာ မြင်တွေ့ဘူးတဲ့ သူတွေလည်း အများကြီးရှိတယ်လို့ သိရတော့ ပိုပြီးသေချာသွားပြီပေါ့နော်။

သူမရဲ့ ခါးဟာ ၁၈ လက်မ နှင့် တင်ဟာ ၃၅ လက်မရှိတယ်လို့သိရပါတယ်။ သူမအနေနှင့် အကျႌတွေကို ခါးတော်အောင်ပြန်ပြီး ချုပ်ဝတ်ရသလို သူမ ဝတ်လို့ ရတဲ့ ဂျင်းဘောင်ဘီဟာ အဲ့ဒီ တစ်ထည်ထဲရှိတယ်လို့ ပြောထားပါတယ်။ သူမခန္ဓာကိုယ်ကို ထိမ်းသိန်းတဲ့ အနေနှင့် တနေ့ကို ထိုင်ထ အခါ ၂၀ လုပ်ပါတယ်တဲ့။ ကမ႓ာ့အသေးဆုံး ခါး ပိုင်ရှင်တောင် ၁၅ လက်မ ဖြစ်အောင် ခါးပတ်တာ အမြဲပတ်ထားရတာဆိုတော့ သူ့ကို မှီအောင် လုပ်ဖို့ ၃ လက်မဘဲလိုတော့တာပေါ့နော်။ မြန်မ အလှကွ...

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။