ရထားသံလမ်းအဆက် တစ်ပေကျော်ပြတ်နေသည်ကို တွေ ့ရှိခဲ့တဲ့ လက်ထုပ်ကုန်းကျေးရွာသူ

မအေးစန္ဒာ၏ အချိန်မီအကြောင်းကြားပေးမှုကြောင့် ခရီးသွားပြည်သူများရဲ ့အသက်ပေါင်းများစွာကယ်တင်နိုင်ခဲ့

သပြေသာကျေးရွာအုပ်စု လက်ထုပ်ကုန်းကျေးရွာနေ မအေးစန္ဒာသည် (၆.၂.၂၀၁၇)ရက်နေ ့နံနက် ၈ နာရီခန် ့က သရက်ခေါင်းဘူတာနှင့် ထန်းတပင်

(ဇီးကုန်း) ဘူတာကြားတွင် မိုင်တိုင်အမှတ် ၄၇၁/၁၉-၂၀ အကြားရှိ သံလမ်းအဆက်တစ်ပေကျော်ပြတ်နေကြောင်းကို တွေ ့ရှိခဲ့ပါသည် ။

ထိုအချိန်တွင် အမှတ် (၅၈) အမြန်ရထားလာနေပြီး မအေးစန္ဒာမှ အချိန်မီအမြန်ကြိုတင်အကြောင်းကြားပေးခဲ့ပါသည် ။

ထိုသို ့ကြိုတင်အသိပေးအကြောင်းကြားချက်အရ ဘူတာပိုင်ကြီးဦးကိုကိုလွင်သည် ၎င်း၏

တပည့်ဖြစ်သူ လမ်းခွဲကိုင်(ဂျမဒါ) ကျော်မျိုးအောင်နှင့်အတူအခင်းဖြစ်နေရာသို ့ဆိုင်ကယ်ဖြင့် အမြန်သွားရောက်ခဲ့ကြပါသည် ။

ထို ့နောက် သရက်ခေါင်းဘူတာမှ ထွက်လာသော အမှတ်် (၅၈) အမြန်ရထားကို အချိန်မီရပ်တန် ့တားမြစ်နိုင်ခဲ့ပါသည် ။

ထိုကဲ့သို ့ မအေးစန္ဒာမှ ကြိုတင်၍ တာဝန်သိစွာဖြင့် သက်ဆိုင်ရာသို ့သတင်းပေးပို ့ခဲ့မှုကြောင့် ရထားပေါ်ရှိ ခရီးသွားပြည်သူများ၏ အသက်ပေါင်းများစွာကို

ကယ်တင်နို်င်ခဲ့ပါသည် ။

ထို ့ကြောင့် ပို ့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ စစ်ကိုင်းတိုင်းဒေသကြီး ကန် ့ဘလူခရိုင် ထန်းတပင်-ဇီးကုန်းမြို ့ ထန်းတပင်

(ဇီးကုန်း) ဘူတာတွင် ခရီးသွားပြည်သူများ၏ အသက်ကို ကယ်တင်လိုက်သော မအေးစန္ဒာအား ဂုဏ်ပြုလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည် ။

Source: Update News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။