ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် တို့ ကြီးမှူး၍ Great Tiger Group (G.T.G)၏ တစ်နှစ်ပြည့်နှစ်ပတ်လည် အထူးအစီအစဉ်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရုံဝင်ကြေး အခမဲ့အဖြစ် မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်းG.T.G ၏ တာဝန်ရှိသူ ဦးစိုးမင်းက ပြောသည်။

ယခု မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသည် G.T.G၏ စတုတ္ထမြောက်ပွဲစဉ် လည်းဖြစ်သည်။ ဝင်ကြေးအခမဲ့ဖြစ် သော်လည်း ပရိသတ်အကြိုက် နာမည်ကြီး ကစားသမားများကို သုံးလ ကြိုတင်၍ စာချုပ်ထားသည်ဟုလည်း သိရသည်။

ထိုးသတ်မည့်တွဲဆိုင်းများမှာ ငါးချီ စိန်ခေါ်ပွဲ တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ဆုရ ကျော်စွာဝင်း (United မန္တလေး)နှင့် လင်းထက်အောင်(တောင်ကလေး)၊ တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ဆုရ ဒေါင်းဖြူ (Adventure)နှင့် ကျော်ဝင်းအောင် (အဖြူရောင်သွေးသစ်)၊ ရာဇာ (ရွှေမိုး ထိငြိမ်းချမ်းရေး)နှင့် ၂ဝ၁၆ ကရင်ပြည် နယ်နေ့ အောင်လံဆုရှင် သက်ဆိုးပေ(United)၊ ရွှေခါးပတ်ချန်ပီ ယံ မိုက်ရိုင်း (ရွှေဖူး)နှင့့် နက္ခတ်အောင် (တောင်ကလေး)၊ စိုးထက်ဦး(S.T.L)နှင့် ၂ဝ၁၆ ကရင်ပြည်နယ်နေ့ အောင်လံ ဆုရှင် မင်းမောင်မောင်(တောင်ကလေး)၊ ရွှေခါးပတ်ချန်ပီယံရဲသွေးနီ(တောင်ကလေး)နှင့် ထွန်းလွင်မိုး (နဂါးမာန်၊ ရွှေခါးပတ် ချန်ပီယံ ထွန်းနိုင်ဦး (S.T.L)နှင့် မင်းထက်အောင် (တောင်ကလေး)၊ ရွှေခါးပတ်ချန်ပီယံ သားအသဲတစ်ပွင့် (ဗမာ့သွေး)နှင့် စောမင်းအောင် (တောင် ကလေး)၊ ရွှေခါးပတ်ချန်ပီယံ သွေးသစ် ဝင်းလှိုင် (Adventure)နှင့် ရွှေရာမာဉ်(Mandalay 1886)၊ ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦး(ဒို့ရိုးရာ)နှင့် ရွှေခါးပတ်ချန်ပီယံ ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး)တွဲဆိုင်း များ ထိုးသတ် မည်ဖြစ်သည်။

တွဲဆိုင်းတိုင်းကို ပရိသတ်စိတ်ဝင် စားမှုများမည့် တွဲဆိုင်းများ ရွေးချယ် စီစဉ်ထားကြောင်း သိရသည်။ ပုံမှန် ထိုးသတ်ကြေးအပြင် နိုင်သူအား ထပ်လောင်းဆု အပိုချီးမြှင့်မည်ဖြစ်ပြီး ၂ဝ၁၆ မြန်မာ့ရိုးရာလက်ဝှေ့ထူးချွန်ဆု ပေးအပ်ပွဲလည်း ပူးတွဲကျင်းပမည်ဟု သိရသည်။

ခင်ခင်ဝင်း(ပညာရေး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။