UCL လက်​ရှိ ချန်​ပီယံ မက်​ဒရစ်အသင်​းရဲ့ နည်​းပြ ဇီဒန်​းက သူအ​နေဖြင်​့ ချန်​ပီယံလိဂ်​ကွာတားဖိုင်​နယ်​မှာ လက်​စတာစီးတီးအသင်​းနှင်​့ မ​တွေ့ဆုံလို​ကြောင်​း ဖွင်​့ဟလာပြီး လက်​စတာအသင်​းအား ချီးကျူး​ပြောကြားမှု ပြုလုပ်​ခဲ့ပါတယ်​။

"လက်​ကျန်​အသင်​း​တွေထဲက ဘယ်​နည်​းပြမှ လက်​စတာနဲ့ ​တွေ ့ဖို့​မျှော်​လင်​့​နေကြမယ်​မထင်​ပါဘူး။ သူတို့အသင်​းဟာ သူတို့မလုပ်​နိုင်​ဘူးဆိုတဲ့အရာ​တွေကို လုပ်​ပြနိုင်​ခဲ့တဲ့အသင်​းပါ''

"ပြီးခဲ့တဲ့ရာသီက လက်​စတာအသင်​းချန်​ပီယံဖြစ်​မယ်​လို့ ဘယ်​သူမှ မထင်​ခဲ့ကြဘူး။ ဒါ​ပေမယ်​့ သူတို့လုပ်​ပြနိုင်​ခဲ့တယ်​။ ဒီနှစ်​လည်​း ဆီဗီလာကိုနိုင်​ပြီး ​နောက်​တစ်​ဆင်​့တက်​မယ်​လို့ ဘယ်​သူမှ မထင်​ထား​ပေမယ်​့ သူတို့ထပ်​မံ လုပ်​ပြနိုင်​ခဲ့ပါပြီ''

"လက်​စတာနဲ့ ဘယ်​အသင်​းနဲ့ ​တွေ ့​တွေ ့သူတို့ဟာ ​ဖေးဘရိတ်​အသင်​းအဖြစ်​ မရှိဘူး။ ဒါ​ပေမယ်​့ အသင်​းနှစ်​သင်​းရဲ့ ဖိအားကိုကြည်​့လိုက်​ရင်​ ဘာမဆိုဖြစ်​လာနိုင်​တဲ့ အ​နေအထားပါ''

"သူတို့အသင်​းမှာ အစွမ်​းထက်​တဲ့ ​ကောင်​​လေး​တွေ ရှိ​နေတာ ကျွန်​​တော်​တို့ ​တွေ ့ခဲ့ရပြီးပြီ။ ပြီး​တော့ သူတို့ဟာ စည်​းလုံးမှုနဲ့ အပြင်​ နှလုံးသားနဲ့ ကစားဒါဖြစ်​ပါတယ်​။ ဒီလိုအသင်​းမျိုးနဲ့ ကစားရတာ ခက်​ခဲမှုရှိတယ်​ဆိုတာ ကျွန်​​တော်​တို့ သိထားပါတယ်​'' လို့ ဇီဒန်​းမှ ဆိုပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။