မြန်မာနှင့်ထိုင်း ပူးပေါင်းရိုက်ကူးထားသည့် တီတီနှင့်ဒိုးနပ်ဇာတ်ကားတွင် ပြေတီဦး၊ ထိုင်းမင်းသမီး Miss Thailand 2nd Runner up ဆုရှင် Chattrika Sittiprom နှင့်အတူ ရွှေသမီးတို့ပါဝင်သရုပ်ဆောင်ထားပြီး ရွှေသမီးမှ မြန်မာနှင့်ထိုင်းသရုပ်ဆောင်ပုံအမြင်ကို အောက်ပါအတိုင်းပြောပြခဲ့ပါတယ်။

‘‘မြန်မာပြည်က ပရိသတ် တွေက အက်တင်အိုဗာလုပ်တာ ကို အရမ်းကြိုက်ကြတယ်။ ထိုင်း ကကျတော့ ကိုယ့်အမြင်နဲ့ဆိုရင် အက်တင်တွေ လိုနေတာရှိတယ်။ ကိုယ်လိုပေါက်စနလေးက ကြည့် တာတောင် အက်တင်လိုတာတွေ ရှိတယ်ပေါ့။ ဒီတော့ အက်တင်ပိုင်း က သူတို့နဲ့ယှဉ်နိုင်တယ်။ စက် ပိုင်းဆိုင်ရာတွေ ကွာသွားတာ တော့ရှိတယ်။ ပညာပိုင်းဆိုင်ရာ မှာတော့ အတူတူပါပဲ။ တချို့အခန်းမှာဆိုရင် မြန်မာဘက်က အက်တင်ပိုင်း ပိုသာနေတာတွေရှိ တယ်’’ဟု ရွှေသမီးက ပြောသည်။

ဆက်လက်၍ ရွှေသမီးမှ သူမ၏ ပထမဆုံးဇာတ်ကားဖြစ်၍ အခက်အခဲများရှိခဲ့ကြောင်း နှင့် ပြေတီဦးနှင့် အခြားသောသရုပ်ဆောင်များမှ အကူအညီများစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဇာတ်ကားကို ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် ရိုက်ကူးထားပြီး ရွှေသမီးက ပြေတီဦး၏ ညီမနေရာ၌ ပါဝင်သရုပ်ဆောင်ထား သည်။

Source : celebrity news

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။