Myanmar Idol Season 2 က နေ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင် ဇင်ကြီး နဲ့ ရဲနောင် ကို သတိရနေတဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာပါပဲ။
ရဲနောင်ဟာ မတ်လ(၁၆)ရက်ညနေပိုင်းမှာ ဇင်ကြီးနဲ့နှစ်ယောက်အတူ ဂစ်တာတီးပြီး ပရိသတ်တွေကို ဖေ့ဘုတ်စ်ကနေ တစ်ဆင့် Live လွှင့်ပြီး သီချင်းဆိုပြခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ပရိသတ်တွေကို Surprise ဖြစ်အောင် အခုလို သီချင်းတွေဆိုပြလိုက်တာဖြစ်တယ်လို့ ဇင်ကြီးက ပြောပါတယ်။
ရဲနောင်ဟာ ကြယ်တွေစုံတဲ့ည သီချင်းကို ဇင်ကြီးဆိုနေချိန်မှာ ဘေးကနေ ဂစ်တာလေးနဲ့ကူပြီးတီးခပ်သလို ဇင်ကြီးကလည်း ရဲနောင် က သီချင်းများနဲ့လူ သီချင်းလေး ဆိုနေချိန် အပြန်အလှန် တီးခပ်ပေးခဲ့ကြပါတယ်။
ပြိုင်ပွဲတုန်းက သူတို့နှစ်ဦးလုံးနဲ့ပတ်သက်ပြီး Myanmar Idol ပရိသတ်အချင်းချင်း အပြိုင်အဆိုင် အငြင်းခုန်ဖြစ်ခဲ့ကြပေမယ့် အပြင်မှာတော့ သူတို့တွေဟာ တကယ့်ကို ညီအကိုမောင်နှမအရင်းသဖွယ်စိတ်မျိုးနေကြတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ Top 3 ယှဉ်ပြိုင်မယ့် ဘီလီ ၊သားငယ် နဲ့ ပိုးမီတို့ကို ကိုယ်တိုင်လူစုံတက်စုံ သွားအားပေးကြဦးမှာလို့ ဇင်ကြီးက ဖေ့ဘုတ်မှာရေးသားထားပါတယ်။
ပရိသတ်အချို့ကတော့ အခုညလာမယ့် Myanmar Idol ဟာ သူတို့နှစ်ဦးမပါလို့ ကြည့်လို့မကောင်းတော့ဘူးလို့ မှတ်ချက်ပေးကြပါတယ်။
သတင်းအရင်းမြစ် Ye Naung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။