အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ပြည်တွင်းဒေသအနှံ့အပြားသာမက ပြည်ပနိုင်ငံများစွာမှာလည်း ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။ အမိမြေဖွား ညီအကိုမောင်နှမများရဲ့ ချီးကြူးဂုဏ်ပြုမှုတွေသာမက နိုင်ငံခေါင်းဆောင်ကြီးများရဲ့ လေးစားခြင်းကိုလည်း ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သိုင်းပညာရှင်များစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး လက်ရှိ One Championship (MMA) ပြိုင်ပွဲရဲ့ မတူညီတဲ့ ခါးပတ်နှစ်ခုချန်ပီယံအဖြစ်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းကတော့ လက်ရှိ အမိမြေမှာ နေထိုင်လျှက်ရှိပြီး မတ်လ ၃၁ ရက်နေ့ ထိုးသတ်မည့်A NEW ERA ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။   

လက်ရှိ အောင်လအန်ဆန်းကတော့ ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ပူးတွဲလေ့ကျင့်မှုတွေကို ပိုမိုလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ မနေ့က အောင်လအန်ဆန်းကတော့ သြစတေးလျနိုင်ငံကိုသွားရောက်ခဲ့ပြီး သြစတေးလျနိုင်ငံသား MMA ချန်ပီယံ တစ်ဦးဖြစ်တဲ့ Martin"The Situ-Asian"Nguyen နှင့်အတူ ပူးတွဲလေ့ကျင့်ခဲ့တာတွေ့ရပါတယ်။ မတူညီတဲ့ ဝိတ်တန်းအသီးသီးရဲ့ ချန်ပီယံတွေဖြစ်ပြီး တစ်ဦးပေါ်တစ်ဦးလေးစားမှုနဲ့ ချစ်ခင်မှုကိုတော့ ပရိသတ်တွေအမြင်ပဲဖြစ်မှာပါ။  

အဆိုပါလေ့ကျင့်မှုကတော့ ကမ်းစပ်အနီးမှာ အနားယူရင်း အတူတူလေ့ကျင့်ခဲ့တာဖြစ်ပြီး အောင်လအန်ဆန်းကတော့ မိသားစုပျော်စရာခရီးစဉ်လေးတစ်ခုလည်း ဖြစ်ခဲ့တာတွေ့ရပါတယ်။ မိသားစုလိုက်သွားရောက်ခဲ့တဲ့ ခရီးစဉ်လေးတစ်ခုဖြစ်ကာ ခရီးစဉ်အမှတ်တရပုံရိပ်တွေကိုလည်း ပြသထားတာတွေ့ရပါတယ်။ သြစတေးလျနိုင်ငံသား MMA ဖိုက်တာတစ်ဦးနဲ့အတူ လေ့ကျင့်ခဲ့တဲ့အောင်လရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။