မကြာခဏဆိုသလို ကြားနေရတဲ့ ပြည်တွင်းစစ်ဘေးအသံတွေကိုတော့ ပရိသတ်တွေလည်း နေ့ညမပျက်ကြားသိနေကြမယ်ထင်ပါတယ်။ အဆိုပါ ပြည်တွင်းစစ်တွေထဲမှာ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်ဘေးသတင်းတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းစစ်ပွဲကတော့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး AA တပ်ဖွဲ့ဝင်များရဲ့ ဝင်ရောက်စီးနင်းမှုကြောင့်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နယ်ခြားစောင့်ရတပ်ဖွဲ့များစွာ ကျဆုံးခဲ့ရကြောင်း သိရပါတယ်။ 

၎င်းကျဆုံးသွားသူတွေထဲမှာ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးစိုင်းဘိုဟန်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲမှူးစိုင်းဘိုဟန်၏ မိသားစုအား မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ခင်မောင်လတ်၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး စိုင်းခမ်းလူနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငွေတင်တို့မှ မကွေးမြို့၊ အောင်စေတနာ(A)(၃)လမ်းသို့ သွားရောက်တွေ့ဆုံပြီး နှစ်သိမ့် အားပေးစကားသွားရောက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှထောက်ပံ့သော ငွေကျပ်(၁၀)သိန်းကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထောက်ပံ့ငွေကို ရဲမှူးစိုင်းဘိုဟန်၏ ဇနီးဖြစ်သူ ဒေါ်သီတာဦးက လက်ခံရရှိခဲ့ပါတယ်။ မိသားစုများစွာကို ဘဝပျက်စေခဲ့တဲ့ ပြည်တွင်းစစ်ပွဲကိုတွေကို လက်ရှိ ပြည်တွင်းဒေသများစွာမှာ ခံစားနေရတာကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ပြည်သူတွေမလိုလားတဲ့ စစ်ပွဲတွေကြောင့် ဖြစ်ပျက်ခဲ့တဲ့ မကြာသေးမီကဖြစ်စဉ်လေးရဲ့ ရလဒ်ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Moe THET

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။