ကျွန်တော်တို့အကုန်လုံးလဲသိကြလောက်မှာပါ...ငှက်ဆိုတာ ဒိုင်နိုဆောမျိုးနွယ်ကဆင်းသက်လာတာဖြစ်ပြီး အခုချိန်မှာတော့ ဒိုင်နိုဆောအသေးစားလေးတွေလို့ သတ်မှတ်ထားကြပါတယ်။ ထို့အပြင် သမိုင်းမတိုင်ခင်က ရက်ရက်စက်စက်သတ်ဖြတ်တဲ့ DNA မျိုးပါတဲ့ ငှက်ဆိုတာ မြင်နိုင်ဖို့ခတ်ခဲပါတယ်။ ဒါပေမဲ့ သင်ပြတင်းပေါက်အပြင်မှာ သွေးဆာနေတဲ့ ငှက်လေးကိုတွေနိုင်ပါတယ်။ ငှက်တွေထဲမှာ သိမ်းငှက်၊ လဒ၊ ကျီးကန် စတဲ့ငှက်တွေဟာ အသားစားတယ်ဆိုတာ လူတိုင်းသိပါတယ်။

ဒီငှက်လေးကိုတော့ တောပျော်ငှက်လိုခေါ်ပြီး သူတို့ဟာ ငှက်လေးတွေကို တိုက်ခတ်ပြီး အရှင်လတ်လတ် ခေါင်းကိုနှုတ်သီးနဲ့ဖောက်ကာ ဦးနှောက်ကိုစားသုံးကြပါတယ်။ သူတို့လေးတွေက ချစ်စရာကောင်းပေမဲ့လဲ့ သဘာဝကအတိုင်း အဲ့လိုငှက်လေးတွေရဲ့ ဦးနှောက်တွေကို ဖောက်ထုတ်စားသောက်ကြပါတယ်။ အဲံအချက်ကို ၁၉၉၀လောက်က ဂျာမန်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ တွေ့ရှိခဲ့ပုံကတော့ အဲ့ငှက်လေးတွေဟာ ရှည်ကြာလွန်းတဲ့ဆောင်ရာသီကို ခိုရန် ဂူတစ်ဂူထဲ့သို့ ဝင်သွားကြပါတယ်။

အဲ့ဂူထဲမှာ သူ့တို့အတွက် လုံလောက်တဲ့ အစာတွေရှိတဲ့အတွက် စတင်စားသုံးကြပါတယ်။ အများစုငှက်တွေကတော့ ဆောင်ခိုနေတဲ့ လင်းနို့တွေရဲ့ ဦးနှောက်ကို စတင်ဖောက်ထုတ်စားကြပါတယ်။ သူတို့အဲ့လိုစားသောက်နေတာကို သိပ္ပံပညာရှင်တွေက နေကြားစေ့နဲ့ ပြောင်းဖူးစေ့တွေကျွေးတော့မှ ရပ်သွားပါတော့တယ်။ အဲ့ငှက်တွေဟာ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး အဲ့လိုမျိုး ဦးနှောက်ကိုဖောက်ထုတ်စားသောက်လေ့ရှိပါတယ်။ ထို့အပြင်သူတို့ဟာ လှောက်အိမ်ထဲမှာ မိနေတဲ့ ထောက်ချောက်ထဲမှာမိနေတဲ့ ဘယ်ငှက်ကိုမဆို ဦးနှောက်ဖောက်ပြီး စားသုံးကြပါတယ်။

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။