ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေဖြစ်တာကိုတော့ အားလုံးလက်ခံကြမှာပါ။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။   

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ကူးပြောင်းသွားမှုတွေများစွာရှိခဲ့ပြီး အခြားဘာသာတွေမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာမှုတွေလည်း မရေမတွက်နိုင်အောင်ရှိနေခဲ့တာကိုတော့ အားလုံးလည်း သိနှင့်ပြီးဖြစ်မယ်ထင်ပါတယ်။ ၎င်းဗုဒ္ဓဘာသာကို စိတ်ဝင်စားသူတွေထဲမှာ သာမာန်ထက်ပိုတဲ့ ဖြစ်ရပ်တစ်ခုကတော့ သြစတြီးယားနိုင်ငံမှာဖြစ်ပေါ်နေတာတွေ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ကတော့ သြစတြီးယားနိုင်ငံ ဗစ်တိုးရီးယားမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှုဖြစ်ပြီး ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာတစ်ခုအဖြစ်သင်ကြားပို့ချပေးခြင်းပဲဖြစ်ပါတယ်။ ဗစ်တိုးရီးယားမြိုရှိ သိပ္ပံပညာရှင်များစွာတို့က ဗုဒ္ဓတရားတော်ကို 2002 ခုနှစ်မှစပြီး စူးစမ်းလေ့လာကြည့်ရာ စာတွေ့ နဲ့လက်တွေ့သော်လည်းကောင်း …အကျိူးနဲ့အကြောင်း တစ်ထပ်တည်းကျ အောင်မှန်ကန်တဲ့ သဘာဝမှာ ဖြစ်ပျက်မှုများတူညီမှန်ကန်တဲ့ တရားစစ် တရားမှန် ဖြစ်သည်ကို လေ့လာတွေ့ရှိလာကြတာပဲဖြစ်ပါတယ်။  

ထို့ကြောင့် မျိူးဆက်သစ် လူငယ်များကို ဗုဒ္ဓတရားတော်နှင့် အညီ လိမ္မာရေးခြားရှိအောင်နှင့် ဘဝသံသရာ ဝဲကယက် မှလွတ်မြောက်ပြီး ….အေးချမ်းတဲ့ ဘုံဘဝသို့ရောက်ရှိရန် ပစ်တိုးရီးယားမြို့ရှိ ပညာရေးဝန်ကြီးများက ဗုဒ္ဓဟော တရားဓမ္မများကိုကျောင်းသင်ခန်းစာအဖြစ် ပြဌန်းပြီး စာသင်ခန်းထဲ၌ နာရီပိုင်းသင်ကြားပြီး လက်တွေ့ ဝိပဿနာ ကမ္မဋ္ဌန်းပါရှုမှတ်သင်ကြားပေးလျှက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဗစ်တိုးရီးယားမြို့ဟာ ယခင်ထက်ဗုဒ္ဓ ဘာသာဝင် နှစ်ဆပိုမို တိုးပွားလာကြောင်း သိရပါတယ်။ လက်တလောပရိသတ်တွေကြားရေပန်းစားနေတဲ့ အဆိုပါ ဗုဒ္ဓဘာသာကျောင်းလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vIDEO - NANG VOE KHAM 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။