Chelseaအသင်းရဲ့ သူဋ္ဌေးဖြစ်တဲ့ Roman Abramovich က လွန်ခဲ့တဲ့ ၁၆နှစ်တုန်းက Arsenal အသင်းကို Chelsea အသင်းအစားဝယ်ယူသင့်ခဲ့ပေမဲ့ ဆွစ်ဇာလန်နိုင်ငံသားလုပ်ငန်းရှင်ရဲ့ အမှားကြောင့် Chelsea ကိုဝယ်ယူခဲ့မိပါတယ်။ အဲ့သတင်းကိုတော့ Wall Street ဂျာနယ်က သတ်းသမားနှစ်ယောက်ရေးခဲ့တဲံ စာအုပ်ထဲက တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ စာအုပ်အရဆိုရင်တော့ Russian ဘီလျံနာသူဋ္ဌေး Abramovich ၂၀၀၃ ခှနှစ်မှာ အင်္ဂလန်ရဲ့ ဘောလုံးလောကစီပွားရေးကိုလေ့လာရန် ဆွစ်ဇာလန်ဘဏ် တစ်ခုကိုငှားရမ်းခဲ့ပါတယ်။

သူတို့ထဲကတစ်ယောက်ကတော့ Arsenal ဟာရောင်းရန်မဟုတ်ကြောင်းကို မှားယွင်းစွာ တွေ့ရှိခဲ့ပါတယ်။ အာ့နဲ့ Abramovich က London အသင်းပြိုင်ဘက်ဖြစ်တဲ့ Chelsea အသင်းကို ပေါင်၁၄၀မီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ စာအုပ်ထဲမှာ ဆက်လက်ပြီး Arsenal ရဲ့ဒုဥက္ကဋ္ဌ David Dein က အသင်းရဲ့ပိုင်ရှင်က Abramovich ကို ကမ်းလှမ်းမှုလုပ်မယ်ဆိုရင် အသင်းကိုရောင်းမယ်လို ယုံကြည်ခဲ့ပါတယ်။ အဲ့နှစ်တွေမှာတော့ Chelsea အသင်းဟာ Premier League ၅ကြိမ်အနိုင်ရခဲ့ပြီး Champion League ကိုလဲအနိုင်ရခဲ့ပါတယ်။ 

တချို့ကတော့ အဲ့စာအုပ်ဟာ Abramovich က Tottenham နဲ့သွားတွေ့တုန်း ရေးတယ်လို့ပြောခဲ့ပါတယ်။ သူရဲ့ ကားဟာ Tottenham High Road မှာ မှောက်တော့မလိုဖြစ်ခဲ့တဲ့အတွက် ဂရုစိုက်မောင်းခဲ့ပြီး Russia မှာပြန်လည်ပြောပြခဲ့ပါတယ်။ " ခုအဖြစ် အပျက်က Omsk မြို့ထက် ပိုဆိုးတယ်" လို့ပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ Chelsea အသင်းကိုဝယ်ယူတာလဲမမှားပါဘူး။ ဘောလုံးလောကဟာ အမြဲတမ်းပြောင်းလဲမှုတွေနဲ့ ပြည့်နေတာပါ၊

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။