ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီးအောင်လအန်ဆန်းရဲ့ အချစ်တော်အောင်ဒီးကတော့ ဖခင်ဖြစ်သူကိုပျော်ရွှင်ဖန်တီးပေးရုံသာမက ပင်ပန်းမှုဒဏ်တွေကိုလည်း မကြာခဏဖြေဖျောက်ပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော်လက်ဝှေ့ဖိုက်တာကြီးရဲ့ သားတစ်ယောက်ဖြစ်သလို ဖခင်ဖြစ်သူရဲ့ ခြေရာနင်းနိုင်မယ့်သားကောင်းရတနာတစ်ယောက်ဖြစ်ဖို့ကို ပြည်တွင်း မြန်မာ့ပြည်သားအားလုံးကတော့ မျှော်လင့်လျှက်ရှိတာတွေ့ရပါတယ်။  

ထူးချွန်ထက်မြတ်တဲ့ ကလေးငယ်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း အမြဲသိတက်သူတစ်ယောက်ဖြစ်တာကိုတော့ အောင်ဒီးရဲ့ လုပ်ဆောင်မှုလေးတွေကပြသလေ့ရှိတာပဲဖြစ်ပါတယ်။ လက်ရှိအောင်လအန်ဆန်းတို့မိသားစုကတော့ သြစတြီးယားနိုင်ငံကို ရောက်ရှိနေပြီးမိသားစုခရီးစဉ်လေးတစ်ခုကို ရွက်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ သြစတြီးယားနိုင်ငံမှာ MMA ဖိုက်တာတစ်ဦးနဲ့ တွေ့ဆုံးခဲ့ပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ ၎င်းဖန်တီးမှုတွေထဲမှာ သားဖြစ်သူအောင်ဒီးရဲ့ ပျော်ရွှင်စရာနေ့လေးတွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေထဲမှာ ချစ်စရာသူငယ်ချင်းတစ်ယောက်နဲ့အတူ ရိုက်ကူးထားတာပုံရိပ်လေးတွေလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ အောင်ဒီးရဲ့ သူငယ်ချင်းအသစ်လေးကတော့ Madi Nguyenလို့အမည်ရှိပြီး ၃နှစ်သမီးအရွယ် နိုင်ငံခြားသူလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အောင်ဒီးရဲ့ အပြုံးတွေကို ဖန်တီးပေးခဲ့တဲ့ သူငယ်ချင်းအသစ်လေးတစ်ယောက်ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။