ဇနီးသည်ကို သနပ်ခါးလိမ်းပေးနေတဲ့ ခင်ပွန်း

နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ သဥ္ဇာနွယ်ဝင်းဟာ ခင်ပွန်းဖြစ်သူနဲ့အတူ မန္တလေး ပြင်ဦးလွင် ပုဂံစတဲ့ မြို့တွေကို ရောက်ရှိတယ်လို့ သူမရဲ့ လူမှုကွန်ယက်မှ တဆင့်သိရပါတယ်။

သူမတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲဟာ ဝေဖန်မှုတွေထိုးနှက်ခံခဲ့ရပြီး ပရိသတ်အချို့ကလည်း သဥ္ဇာနွယ်ဝင်းနဲ့ ပတ်သတ်ပြီး မကောင်းတဲ့ဝေဖန်မှုတွေ ပြောဆိုပြစ်တင်ခဲ့ကြပါတယ်။ သို့ပေမယ့် သဥ္ဇာနွယ်ဝင်းတစ်ယောက် အားလုံးကို လျစ်လျူရှုထားပြီး ပျော်ရွှင်လို့နေပါတယ်။

လက်ထပ်ပြီးစကတည်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ခရီးထွက်ခဲ့ပြီး ယခုလည်း မြန်မာပြည်အလည်ပိုင်းကို ခြေဆန့်ခရီးထွက်နေပါတယ်။ တင်ထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်လိုက်ရင်လည်း သဥ္ဇာတစ်ယောက် ဘယ်လောက်ပျော်နေသလည်း ဆိုတာရယ် သူမရဲ့ ခင်ပွန်းက သူမကို ဘယ်လောက် ဂရုစိုက်ပြီး ချစ်ခင်ယုယုသလည်းဆိုတာ ပေါ်လွင်နေပါတယ်။ ယခုဆို လူမှုကွန်ပေါ်မှာ "ငါတို့သည် သဥ္ဇာနွယ်ဝင်းများသာ" ဆိုတဲ့ စာသားလေးတစ်ခု ပြောစမှတ်ဖြစ်နေပါတယ်။

"ငါတို့သည် သင်ဇာနွယ်ဝင်းများသာ ?

ပိုက်ဆံချမ်းသာတာ မချမ်းသာတာ နောက်ထား...

ကိုယ့်အပေါ် ကြင်နာတတ်ပြီး ပျော်အောင်ထားမယ့်ယောင်္ကျား၊

အောင်မြင်တာ မအောင်မြင်တာနောက်ထား၊ အားကိုးလို့ရပြီး တည်ငြိမ်တဲ့ ယောင်္ကျားလေးပဲ ရွေးမှာ။

ဒါပဲ!!

ဆော်ကြည်ဘဲလိုလို မိန်းကလေးတရုန်းရုန်းနဲ့ မိန်းမဆို ဟွာပါပြီးရော အီစီကလီလုပ်တတ်တဲ့ ယောင်္ကျားမျိုးတွေကိုတော့ အန်တီက ဆောရီးပါလို့ ပြောပါရစေ။

သောင်တလွဲ စော်ကြည်ဘဲ များအတွက်??" ဆိုပြီး အမျိုးသမီးတွေကြား နာမည်ကြီးလို့နေပါတယ်……

Source: Thinzar Nwe Win

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။