စိမ်းစိမ်းကားကားနဲ့ အကယ်ဒမီပေးပွဲတတ်မယ့် စုံတွဲကတော့ မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံပါ ။ ရွှေဝတ်စုံတွေဝတ်ပြီးပွဲတတ်မယ်လို့ နာမည်ကြီးနေတဲ့အတိုင်း သူတို့ရဲ့ ရွှေဝတ်စုုံကို ချပြလိုက်ပါပြီ ။ အကျီီမချုပ်ရခင်ထဲက အကျီီမှာတွဲချုပ်မယ့် ရွှေချိန် ၈ ကျပ်သား နဂါးကြီးရဲ့ပုံ လူမှုကွန်ယက်တွေမှာပျံနှံနေတာမို့ ဘယ်လို ဒီဇိုင်းမျိုးထွက်လာမလဲဆိုတာ ပရိတ်သတ်တွေကြားစိတ်ဝင်စားမှုမြင့်တတ်နေခဲ့ပါတယ် ။

ခုတော့ တွေ့ကြရပါပြီ ။ အစိမ်းရောင်ရင်ဖုံးတိုက်ပုံပေါ်မှာ ရွှေနဂါးကြီး တပ်ထားတဲ့ မြန်မာပြည်သိန်းတန်က မြန်မာ့ချိတ်ပုဆိုးနဲ့ လိုက်ဖက်အောင်တွဲဖက်ဝတ်ဆင်ထားပါတယ် ။ ဇနီးဖြစ်သူက ရွှေပန်းပွင့်ပုဝါလေးကိုခြုံလို့ ရွှေပန်းလေးတွေကပ်ထားတဲ့ အကျီီလေးပေါ်မှာ အစိမ်းရောင်ချိတ်ဆင်တူနဲ့ ရိုးရိုးယဉ်ယဉ်လေးဝတ်ထားပါတယ် ။ အစိမ်းတောက်တောက်နဲ့ပေါ်လွင်နေတဲ့ဇနီးမောင်နှံနှစ်ယောက်ကတော့ အကယ်ဒမီပေးပွဲမှာ ရွှေဝတ်စုံဝတ်မယ့်သူတွေကြား ထင်ပေါ်နေဦးမှာပါပဲ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။