ဇန်နဝါရီလ ၇ရက်နေ့ မနေ့ကရွာသွန်းခဲ့တဲ့ မိုးရေတွေကြောင့် ပြည်တွင်းနေရာအနှံ့အပြားမှာ ဆိုးဆိုးရွားရွားရှိခဲ့ပြီး ဒေသအချို့ကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မိုးရွာမှုနဲ့အတူ မွန်ပြည်နယ်ဒေသအချို့ကတော့ မုန်တိုင်းပါဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ၎င်း မုန်တိုင်းဝင်ရောက်ခတ်မှုကြောင့် ထိခိုက်မှုများစွာရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးတွေလည်း များခဲ့တာတွေ့ရပါတယ်။  

http://s6.kh1.co/2f/2fbacdc561f13651fe5d7e59a33f576261f02585.jpg

အဆိုပါ မိုးရွာသွန်းမှုကတော့ မနေ့ညကတည်းက စတင်ခဲ့ပြီး ဒီကနေ့ နံနက်အစောပိုင်းထိအဆက်မပျက်ရွာသွန်းခဲ့တာပဲဖြစ်ပါတယ်။ ၎င်းမိုးရွာသွန်းမှုနဲ့အတူ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကုလားကုတ်ကျေးရွာအုပ်စု(အောက်ဆိပ်)တွင် လေပြင်းတိုက်ခတ်ခဲ့ပြီး စာသင်ကျောင်းနှင့် လူနေအိမ် ၁၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ လေပြင်းတိုက်ခတ်မှုကတော့ ဒီကနေ့ နံနက် ၈နာရီ ခန့်ကစတင်ခဲ့ပြီး စာသင်ကျောင်း၊ လူနေအိမ်နဲ့ သစ်ပင်များစွာကို ပျက်စီးစေခဲ့တာတွေ့ရပါတယ်။ ဆိုးဆိုးရွားရွားတိုက်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအဆိုပါ လေပြင်းကြောင့် နေအိမ်စွန့်ခွာမှုတွေနဲ့ အတူ ဆုံးရှုံးမှုမာျးစွာရှိခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ် ရေးမြို့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOT0S - mIN SI THU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။