ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မထသကို YBS အဖြစ်အသွင်ပြောင်းပြီးတဲ့နောက် စည်းကမ်းရှိရှိနဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့စည်းမျဉ်းအချို့ကို ပြုပြင်ပြောင်းလဲလိုက်ပါတယ် ။ သို့သော်လည်း မူသာပြောင်းပြီး လူတွေကမပြောင်းမလဲ ရှိနေဆဲဆိုတာကို ၁၅ ရက်နေ့မနက်ပိုင်းကဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုက သက်သေပြလို့နေပါတယ် ။ ရန်ကုန်မြို ့လမ်းလည်ခေါင်မှာ မနက် ၆ နာရီခွဲ အချိန်က YBS ကားနှစ်စီးပြိုင်မောင်းရာမှ အဌားယာဉ်တစီးအားဝင်တိုက်၍ ပန်းဆိုးတန်းလမ်းထိပ်ကုန်သည်လမ်းမီးပွိုင့်ရှိအဆောက်အအုံဟောင်းအမိုးနှင့် ဓါတ်တိုင်အားပုံပါမြင်တွေ့ရသည့်အတိုင်း ဝင်ရောက်တိုက်ခဲ့ပါတယ် ။ 

အရှိန်ပြင်းထန်မှုကြောင့် ဝင်တိုက်မိခဲ့သည့်နေရာမှာ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး ကားပေါ်ပါလာသူများလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။ ပုံမှန် ဟောလိဝုဒ်ဇာတ်ကြမ်းကားတွေမှာသာ မြင်ရလေ့ရှိတဲ့ ဒီလို အရှိန်ပြင်းနဲ့မောင်းတဲ့ မြင်ကွင်းကို ရန်ကုန်မြို ့ မြို့လည်ခေါင်မှာတင် မြင်တွေ့လိုက်ရတာမို့ ... ခေတ်မှီလာတာလား ... ခေတ်ပျက်နေတာလား ... မတွေးတတ်တော့အောင်ပါပဲ ... ပရိတ်သတ်တို့ရော ဘယ်လိုမြင်ပါသလဲ ?

Photo Source : နတ္သမီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။