James Bond ဟာ အလွတ်စုံထောက်တစ်ယောက်ဖြစ်ပြီး သူ့မှာလူသတ်လိုင်စင်လဲရှိပါတယ်။ ဒါတောင်မှ Idris Elba က သူကိုSnap ရိုက်ပြီးနောက်ပြောင်ခဲ့ပါတယ်။ ဇာတ်လမ်းဝတ္ထုအရသာ သူကအဲ့လိုဖြစ်တာပါ။ James Bonds မင်းသား Daniel Craig ကို နောက်ထွက်မဲ့ကားတွေမှာ James Bond အသစ်ဖြစ်နိုင်မဲ့ Idris Elba က Golden Globes ပွဲမှာ နောက်ခဲ့ပါတယ်။ James Bonds နှစ်ယောက်အပြန်အလှန် နောက်နေခဲ့ကြပါတယ်။ 

အသက် ၄၆နှစ်ရှိပြီးဖြစ်တဲ့ Idris Elba ဟာ Instagram ပေါ်မှာ အသက် ၅၀ရှိပြီဖြစ်တဲ့ Daniel Craig ကို အလွန်ပျော်ရွှင်ဖွယ်ကောင်းတဲ့ Snap ပုံရိုက်ပြီးတင်ခဲ့ပါတယ်။ ပုံထဲမှတော့ Daniel ကသူကိုရိုက်နေမှန်းမသိလောက်ပါဘူး။ Daniel ခုချိန်မှာတော့ သူအနေနဲ့ James Bond နောက်ဆုံးကားအဖြင့် Bond 25 ကိုရိုက်ကူးထားပါတယ်။ သူအတွက်တော့ နောက်ဆုံး James Bond ပါပဲ။ Bond 25 ကို 2020ခုနှစ်မှာ ရုံတင်ပြသမယ်လို့တော့ ကြေငြာထားပါတယ်။  

Daniel ဟာ " ကျွန်တော်တို့အမြဲ စဉ်းစားခဲ့ပါတယ်.....ကျွန်တော်လဲ အနားယူသင့်နေပါပြီ James Bond ဘဝကနေပေါ့.....ကျွန်တော်အဲ့အတွက်လဲမစောင့်နိုင်တော့ပါဘူး " လို့ပြောကြားခဲ့ပါတယ်။ Idris Elba ဟာ 2018 Agust လမှာ Instagram မှာ " My name is Elba, Idris Elba " ဆိုပြီးတင်ခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်တစ်ခုမှ သူ့ကိုနောက်ထွက်လာမဲ့ James Bond နေရာမှာ သရုပ်တောင်ရမလားမေးတဲ့ခါမှာ No ဆိုပြီဖြေခဲ့ပါတယ်။ James Bond နေရာမှာ အလားအလာရှိတဲ့ မင်းသားတွေကတော့ Avengers star Tom Hiddleston, James Norton, Venom star Tom Hardy နဲ့ New Golden Globe winner Richard Madden တို့ပဲဖြစ်ပါတယ်။

Source : Us Weekly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။