အဘိုးကစာရေးဆရာ ဒါရိုက်တာ ၊ ဖခင်က စာရေးဆရာ မင်းသား ၊ သားက မင်းသား အဆိုတော် အနုပညာမျိုးရိုးအစစ်အမှန်ကဆင်းသက်လာတဲ့ သရုပ်ဆောင်ဖိုးသောကြာကို ပရိတ်သတ်တွေသိကြမှာပါ ။ မြန်မာပီသရုပ်ရည်နဲ့ မျက်နှာချိုပြီး လူချစ်လူခင်ပေါသူတစ်ယောက်လဲဖြစ်ပါတယ် ။ အနုပညာအသိုင်းအဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကောလဟာလတွေနဲ့လဲ ကင်းလွတ်အောင်နေထိုင်ခဲ့တဲ့ ရှားရှားပါးပါးသရုပ်ဆောင်တစ်ဦးလဲဖြစ်သေးတဲ့ သူဟာ လက်တွဲဖော်ကိုတကယ်ရွေးချယ်တော့လဲ နှစ်လရှည်များသစ္စာရှိရှိတွဲလာခဲ့တဲ့ ချစ်သူကိုပဲရွေးချယ်လက်ထပ်ခဲ့ပါတယ် ။ ခုတော့ သူတို့တွေ မင်္ဂလာသက်တမ်း ၃ နှစ်တောင် ပြည့်ပါပြီတဲ့ ။

ဖိုးသောကြာကတော့ သူ့ချစ်ဇနီးလေးအပေါ်အချစ်တွေမလျော့သေးပုံပါပဲ ... မင်္ဂလာသက်တမ်း ၃ နှစ်ပြည့်အတွက် အမှတ်တရ " ၃ နှစ်ပြည့်ကနေ အချစ်တွေ ၃ ဆ ထပ်တိုးလိုက်မယ်ကွာ..." လို့ဆိုပြီး သူ့အချစ်တွေကိုဖော်ပြလိုက်ပါတယ် ။ သူတို့ကိုချစ်သူခင်သူတွေကတော့ ဝိုင်းဝန်းပြီး ဂုဏ်ပြုပေးနေကြတဲ့အပြင် " ချုပ်ပုံချုပ်နည်းလေးတွေ " " ဟယ် ချစ်နိူင်လွန်းသူကြီးပါလား။ " " ၃ဆ နည်းတယ် အဆ ၃၀ တိုးပါစေ " စသည်ဖြင့် ပျော်ရွှင်စွာ နောက်ပြောင်နေကြလေရဲ့ ... အချစ်ကတိစကားနဲ့ အချုပ်ခံလိုက်ရတဲ့ ဖိုးသောကြာရဲ့ ဇနီးကလဲ ပျော်ရွှင်နေမှာသေချာပါတယ် ။ သမီးလေးတစ်ယောက်နဲ့ နွေးထွေးစိုပြေနေတဲ့ သူတို့ရဲ့ မိသားစုလေး သာယာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော် ။
Source : pho thauk kyar fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။