Hip Pop ကြိုက်သူတွေအတွက် အကြီးကျယ်ဆုံး Hip Pop Show ကြီးကို ရန်ကုန်မြို့မှာကျင်းပတော့မှာပါ ။ UnDerDawg Festival မှာ ကမ္ဘာကျော် အဆိုတော် Soulja Boy ကိုယ်တိုင်လာရောက်ဖျော်ဖြေမှာဖြစ်ပါတယ် ။ အခြား နိုင်ငံတကာမှာထင်ရှားကျော်ကြားတဲ့ နာမည်ကျော်အဆိုတော်များအပြင် စိတ်ဝင်စားစရာကတော့ Kpopper တွေ အတွက်လဲ ဝမ်းသာစရာသတင်းတစ်ခုရှိနေပါတယ် ။ အဲဒါကတော့ နိုုင်ငံတကာအသိအမှတ်ပြု K-POP လောကရဲ့ဘုုရင်မဟုု တင်စားခံရသူကိုုပါ UnDerDawg စင်မြင့်မှာ တွေ့မြင်နိုင်မယ့်အခွင့်အရေးပါတဲ့ ။ ဘယ်သူများဖြစ်နေမလဲ ?

K-POP အားပေးသူပရိတ်သတ်အားလုံးလိုလိုကတော့ အဲဒီဘုရင်မက မကြာသေးခင်က အဖွဲ့ကွဲသွားပြီး တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ 2NE1 အဖွဲ့ဝင်ဟောင်း CL ပဲဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းနေကြပါတယ် ။ CL ဟာ ယခင် 2NE1 အဖွဲ့မှာ ဒုတိယအသက်အငယ်ဆုံးသူဖြစ်ပေမယ့် အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ရသူပါ ။ နိုင်ငံတကာ အနုပညာရှင်တွေထဲ တန်းဝင်တဲ့ Kpop Singer တစ်ဦးလဲ ဖြစ်ပါတယ် ။ ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းရှိမှုတွေက သူမရဲ့ အမှတ်အသားတွေပါ ။ အောင်မြင်မှုသက်တမ်းကိုရှည်ကြာစွာထိန်းသိမ်းထားနိုင်တဲ့ CL ကမြန်မာနိုင်ငံကို 2NE1 အဖွဲ့နဲ့ အတူ တစ်ခါ လာရောက်ဖျော်ဖြေခဲ့ပြီးပါပြီ ။ တကယ်ပဲ သူပဲလား ... အတိအကျကိုတော့ မကြာခင်မှာပဲ သတင်းထပ်မံထုတ်ပြန်ပေးတော့မှာဖြစ်ပါတယ် ... ။ တကယ် CL သာဆိုရင်တော့ ပထမတစ်ခါ Show ပွဲမှာပြောခဲ့တဲ့ " မြန်မာပြည်ကို တစ်ခေါက်ပြန်လာပါဦးမယ် " ဆိုတဲ့ သူမရဲ့ ကတိကို့ ဖြည့်ဆည်းလိုက်နိုင်တော့မှာပါ ... ။ ပထမဆုံးအကြိမ်ဖြစ်တဲ့ နိုင်ငံတကာအဆင့်မှီကြီးကျယ်တဲ့ Hip Pop Show ပွဲကြီးကို ဘယ်လိုတွေစီစဉ်ထားလဲဆိုတာ ပရိတ်သတ်တွေကတော့ စိတ်ဝင်တစားစောင့်ကြည့်နေကြတုန်းပါပဲ ... တကယ်လာမလာတရားဝင်မသိရသေးပေမယ့် မျှော်နေကြတဲ့ CL ရဲ့ပရိတ်သတ်တွေအတွက် သူမရဲ့ပုံရိပ်လေးတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ် 


Source : Helping-Hands Project

CL
CL
CL and G-Dragon ( Big Bang )
CL and JB
CL and Nikiminah
CL with JB
CL with Cele Friends
CL and nikiminah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။