ပရိသတ်ကြီးကိုဒီတစ်ခါတင်ဆက်ပေးမှာကတော့ တောင်အာဖရိကနိုင်ငံမှာ ရထားနှစ်စင်းခေါင်းချင်းတိုက်ပြီး ထိခိုက်ဒဏ်ရာတွေဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဆိုးကြီးအကြောင်းဖြစ်ပါတယ်။ ခရီးသည်တင်ရထားနှစ်စင်း တိုက်တာဖြစ်ပြီး အနည်းဆုံးလူလေးယောက်သေ၊ ထိခိုက်ဒဏ်ရာ ရရှိတဲ့လူကတော့ ၃၀၀ကျော်ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေတဲ့ လူတွေကို လွတ်မြောက်ရေးအတွက် ကြိုးစားလုပ်ကိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ 

အရေးပေါ်ဝန်ဆောင်မှုအရာရှိတစ်ဦးက လူနှစ်ဦးသေဆုံးတယ်လို့ အတည်ပြုထားတာဖြစ်ပြီး၊ ၁၀၀ကျော်ဒဏ်ရာရရှိခဲ့ တာဖြစ်ကြောင်းဒေသခံ media ကိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အနည်းဆုံးလူနှစ်ဦးကတော့ ရထားပျဉ်ခင်းပေါ်တွင် ပိတ်မိနေတာပဲဖြစ်ပါတယ်။ လူတစ်ဦးကတော့ အရေးပေါ်အခြေအနေဖြင့်ဆေးရုံသို့လေယာဉ်နဲ့ပို့ဆောင်ခဲ့လို့ ကုန်းနှင့်လေလူနာတင်ယာဉ်ဝန်ဆောင်မှုကဆိုခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုသည် အင်္ဂါနေ့နံနက်အချိန်၌ ရထားအသွားအပြန်လုပ်ချိန်အတွင်းတွင်ဖြစ်ပွားခဲ့ပြီးနောက် လူတို့၏မြင်ကွင်းတွင် ရှုတ်ယှက်ခတ် နေသော ပရမ်းပတာ မြင်ကွင်းအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရခရီးသည်များသည် ကုသဖို့နှင့်အခြားသူများကို မြင်တွေ့ရဖို မြေပြင်ပေါ်မှာ လဲလျောင်းပြီးစောင့်ဆိုင်းနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဘူတာရုံရဲ့ပလက်ဖောင်းကို တော့ ယာယီဆေးရုံတစ်ခုပြုလုပ်ပြီးကုသပေးခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိတစ်ဦးရဲ့တိုက်ရိုက်ပြောကြားချက်အရ "ယခုအချိန်တွင်းမှာ လူနှစ်ဦးထက်သေဆုံးတာဖြစ်ပြီး ဆိုးဆိုးရွားရွားဒဏ်ရာရတွေအများကြီးရှိပါတယ်လို့" ဆိုထားပါတယ်။ အဆိုပါ အမည်မဖော်လို ရဲအရာရှိဆက်ပြောပါတယ် "အရေးပေါ်ဝန်ဆောင်မှုများ ပြုလုပ်နေတာဖြစ်ပြီး ရထားအတွင်း၌ပိတ်မိနေသော ဒဏ်ရာရတဲ့သူတွေကိုကယ်တင်ဖို့ရောက်ရှိလာကြတယ်လို့"ဆိုပါတယ်။ ပရိသတ်တို့အတွက် နိုင်ငံတကာ သတင်းတစ်ခုအနေနဲ့ အသိဗဟုသုတ တစ်ခုခုရအောင် မျှဝေပေးလိုက်ပါတယ်နော်။

source Mirror News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။