Tom Hardy ဟာနောက်ထွက်လာမဲ့ Venom 2မှာလည်း ဆက်လက်ပါဝင် သရုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ သူရဲ့ဇာတ်ဆောင်ဖြစ်တဲ့ Venomဟာဆိုရင် Symbiotic Anti-Hero ပဲဖြစ်ပါတယ်။ Venom ဟာလဲ တော်တော်အောင်မြင်မှုရခဲ့တဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ ပရိသတ်တွေလဲ Venom ကိုအဲ့ကားကြည့်ပြီးနောက်မှာ တော်တော်ကိုကြိုက်ခဲ့ကြပါတယ်။ Venom ကားကို Marvelကရိုက်တာဖြစ်ပြီး တကမ္ဘာလုံးမှာ ရုံတင်ပြသပြီးနောက် ဒေါ်လာ၈၈၅သန်း ရရှိခဲ့ပါတယ်။

Sony ဟာလဲ အမည်မဖော်ပြတဲ့ Project တစ်ခုအတွက် ရက်စွဲတစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။ အဲ့ရက်စွဲကတော့ အောက်တိုဘာ ၂၀၂၀ပဲဖြစ်ကာ ပရိသတ်တွေကလဲ အာ့နဲ့ပတ်သတ်ပြီး တော်တေ်ာကိုစိတ်ဝင်စားလျက်ရှိနေကြပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုမှာ ဇာတ်ညွှန်းရေးဆရာ Jeff Pinkerက " ကျွန်တော်ဒီကားနဲ့ပတ်သတ်ပြီး ဘာမှမပြောနိုင်သေးပါဘူး...ဘာမှမပြောပြရင် ဇာတ်လမ်းကပိုကောင်းသွားမှာပါ....လာမဲ့ Venom မှာ Spider Man က တစ်စိတ်တစ်ပိုင်းပါဝင်လာမှာပါ...ဒါကိုတော့ ကျွန်တော်ပြောပြသင့်တယ်ထင်ပါတယ်....လူတိုင်းအတွက်ဒါဟာ စိတ်လှုပ်ရှားစရာပါပဲ " လို့ပြောကြားခဲ့ပါတယ်။

အဲ့လို့ Jeff Pinkerကပြောလိုက်တဲ့ အတွက် Venomကနောက်ထပ်ထွက်အုန်းမှာဆိုတော့ မင်းသား Tom Hardy ကပြန်လည်သရုပ်ဆောင်ရတော့မှာပဲဖြစ်ပါတယ်။ အဲ့လိုသရုပ်ဆောင်မယ်ဆိုတာ အတည်မပြုသေးတာ ၂၀% လောက်ကျန်ရှိနေပါသေးတယ်။ Michelle Williams ကတော့ Tom Hardy ကို Woody Harrelson အဖြစ်ထပ်မံပါဝင်သရုပ်ဆောင်ရန်မျှော်လင့်နေပါတယ်။ ပရိသတ်တွေကလဲ Mad Max နဲ့ Bane အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Tom Hardy ကိုပဲ Venom အဖြစ်ဆက်လက်သရုပ်ဆောင် စေချင်နေကြပါတယ်။ ဘာနဲ့တူလဲဆိုတော့ Johnny Depp ကို Jack Sparrow အဖြစ်ပဲမြင်ကြသလို Tom Hardy ကိုလဲ Venom အဖြစ်ပဲမြင်ကြပါတယ်။ We are Venom.........။ 

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။