Tekashi 6in9ine ကို တနင်္လာနေ့တုန်းက သူရဲ့ကောင်မလေးဟာ ထောင်ထဲကိုလာရောက်တွေ့ရှိခဲ့ပါတယ်။ သောကတွေဝိုင်းနေတဲ့ rapper Tekashi ဟာဆိုရင် ခုချိန်မှာ အသက်၂၂နှစ်သာရှိသေးပြီး သူ့ကို မူးယစ်ဆေးလုပ်ငန်းလုပ်မှု၊ သေနတ်ပစ်ခတ်မှု နဲ့ လက်နက်ကိုင်ဆောင်မှုတို့နဲ့ စွပ်စွဲကာ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ အာ့ကြောင့်သူဟာ ခုချိန်မှထောင်ထဲမှာရောက်နေပါတယ်။ သူရဲ့ကောင်မလေး ဖြစ်သူ jade ဟာ သူ့ကိုလာရောက်တွေ့ဆုံပြီး ပါးကိုနမ်းတဲ့ပုံကိုတင်ခဲ့ပါတယ်။

Tekashi ဟာဆိုရင် Christmas ကာလမှာ လက်ဆောင်အဖြစ် သူ့ကောင်မလေးကို အနက်ရောင် Mercedes-AMG G65 ကားကိုလက်ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲကနောက်ထပ် ဇိမ်ခံကားတစ်စီးကို လက်ဆောင်အဖြစ်ထပ်ပေးချင်ဖြစ်ပါတယ်။ သူဟာဆက်လက်ပြီးတော့ ဒေါ်လာ ၃၅၀၀၀တန်ဖိုးရှိ Rolex ကိုသူမရဲ့မွေးနေ့အတွက် လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ သူဟာ အပြစ်မရှိကြောင်းကို တရားရုံးမှာ အသနားခံပြောဆိုခဲ့ပါတယ်။ 

သူကိုတရားရုံးက အမှုရင်ဆိုင်ရန် စက်တင်ဘာလသို့ ရက်ချိန်းသတ်မှတ်ခဲ့ပါတယ်။ အဲ့အချိန်အတွင်း အမှုကိုစီရင်ချက်ချဖို့ဆုံးဖြတ်ချက်ချနေတဲံ အချိန်အတွင်းမှာတော့ သူကိုထောင်ထဲမှာပဲ ထားကာ သူနဲ့အတူ အခြားသူ့လိုပဲ ၁၁ယောက်ဟာနေရပါတယ်။ သူဟာအဲ့လိုထောင်ထဲမှာနေနေရတုန်းမှာ မကျေမနပ်ဖြစ်မှုတွေ ရှိခဲ့ပါတယ်။ သူရဲ့နာမည်အရင်းကတော့ Daniel Hernandez ပဲဖြစ်ပါတယ်။ ပရိသတ်တွေလဲ အခိုင်အမာရှိထားတာကြောင့် သူကိုဒီအမှုမှာ နိုင်စေချင်တဲ့ သူတွေလဲရှိပါတယ်။ သူရဲ့အမှုတွေကလဲ ပေါ့သေးသေးမဟုတ်ပါဘူး။ 

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။