ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က အမေရိကန်နိုင်ငံ လာ့ဗီးဂတ်မြို့မှာ ကျင်းပခဲ့တဲ့ စားသုံးသူ အီလက်ထရွန်းနစ်ပြပွဲမှာတော့ ဟွန်ဒိုင်း ကားကုမ္ပဏီဟာ သူတို့ထုတ်လုပ်မယ့် ယာဉ်ဒီဇိုင်းတစ်ခုကိုပြသခဲ့ပါတယ်။

ဒီယာဉ်ဒီဇိုင်းကတော့ လူသားတွေလို လမ်းလျှောက်ပြီး အမြင့်တက်နိုင်တဲ့ မော်တော်ကားဒီဇိုင်းပဲဖြစ်ပါတယ်။

၎င်းမော်တော်ကားဟာ မတော်တဆ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့မြေပြင်အနေအထားမျိုး ( ဥပမာ လမ်းတွေက ချိုင့်ဝှမ်းတွေ သစ်တုံးတွေ ၊ အဆောက်အအုံတွေ ပြိုကျပြီး ပတ်နေတဲ့အချိန်) မှာတောင် ကိုယ်ထည်ကိုမြှင့်တင်ပြီး မောင်းနှင်သွားလာနိုင်မှာပဲဖြစ်ပါတယ်။  

တောင်ကိုးရီးယား မော်တော်ကားကုမ္ပဏီ ဟွန်ဒိုင်းကတော့ သူတို့ပြသခဲ့တဲ့ ယာဉ်ဒီဇိုင်းပုံစံမျိုးနဲ့ မော်တောယာဉ်ကို အနာဂတ်ကာလမှာ ထုတ်လုပ်ရောင်းချသွားဖို့ ကြိုးစားနေကြပါတယ်လို့လည်းသိရပါတယ်။

source  _ DVB & The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။