မနေ့က ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ တောင်အာဖရိကနိုင်ငံ ပရက်တိုးရီးယာမြို့မှာ ရထားနှစ်တင်း တိုက်မိခဲ့ပါတယ်။

၎င်းရထားတွေကတော့ ခရီးသည်တင်ရထားတွေဖြစ်ပြီး Mountain Viewဘူတာရုံမှာ ခေါင်းချင်းဆိုင်တိုက်မိခဲ့တာပဲဖြစ်ပါတယ်။ 

မနက် ၁၀ နာရီလောက်မှာ တိုက်မိခဲ့တဲ့ ၎င်းရထားနှစ်စီးပေါ်မှာတော့ ခရီးသည် ၈၀၀ ဝန်းကျင်လောက် လိုက်ပါလာခဲ့ပါတယ်။

၎င်းရထားနှစ်စီးဟာ တိုက်မိတဲ့အရှိန်ကြောင့်ဘဲ လမ်းချော်ထွက်သွားခဲ့ပြီး ရပ်တန့်သွားခဲ့ပေမယ့် ခရီးသည်တော်တော်များများကတော့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။  

ဒါ့အပြင် ခရီးသည် ၄ ဦးလောက်လည်း သေဆုံးခဲ့သလို လက်ရှိအချိန်မှာလည်း အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ခရီးသည်တွေကို ကြိုးစားကယ်တင်နေရပါတယ်။

လောလောဆယ်မှာဆိုရင်လည်း အခြေအနေကြောင့် ဘူတာရုံစြင်္ကံကို ယာယီဆေးရုံအဖြစ် အသုံးပြုပြီး ဒဏ်ရာရသူတွေကို ကုသပေးနေပါတယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။