ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ဘရာဇီးနိုင်ငံ ဖော်တာလေဇာမြို့မှာ လုံခြုံရေးတွေ တိုးမြှင့်ထားရတယ်လို့သိရပါတယ်။

အခုလိုတိုးမြှင့်ခဲ့တာကတော့ ၎င်းဖော်တာလေဇာမြို့တလွှားက ရာဇဝတ်ဂိုဏ်းတွေကို စီးနင်းအပြီးမှာ တိုးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ 

ဘရာဇီးနိုင်ငံအတွင်းမှာဆိုရင်လည်း ဗုံးခွဲတာတွေ ၊ ဘတ်စ်ကားမီးရှို့တိုက်ခိုက်တာတွေ ၊ ဘဏ်တွေနဲ့ ရဲတန်းလျားတွေတိုက်ခိုက်ခံရတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

အခုလိုရာဇဝတ်မှုတွေများစွာဖြစ်ပေါ်နေတာကိုတော့ လုံခြုံရေးအရာရှိတွေဟာ ဂိုဏ်းတွေအချင်းချင်းကြား ပတ်သက်မှုကို ခွဲထုတ်ဖို့ ထောင်သားတွေကို နိုင်ငံတလွှား နေရာလက်ကျန်ရှိတဲ့ ထောင်တွေဆီ လွှဲပို့ပြီး ဂိုဏ်းတွေရဲ့သြဇာကို လျော့ချဖို့ ဘရာဇီး အစိုးရသစ်က စီစဉ်ထားတာကြောင့် အခုလိုဖြစ်ပေါ်နေတာလို့ ထင်နေကြပါတယ်။  

ဒါ့အပြင် နိုင်ငံတွင်းမီဒီယာတွေဟာဆိုရင်လည်း ဘရာဇီးသမ္မတသစ် ဂျိုင်ယာဘော့ဆိုနာရို အနေနဲ့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံအတွင်း လူသတ်မှု စံချိန်တင် မြင့်တက်နေတာကို ရပ်တန့်ရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောကြားထားတာတွေ့ရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။