မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ တစ်ဖက်တလှမ်းကနေ ပံ့ပိုးပေးနေပြီး အကောင်းဆုံးကြိုးစားနေကြတဲ့ အလှဖန်တီးသူTransgenderလိင်ပြောင်းအမျိုးသမီး အနုပညာရှင်တွေအများအပြားရှိသလို အဲ့ဒီထဲကမှ အပါအဝင်ဖြစ်တဲ့ မိတ်ကပ်ပညာရှင်(၄) ဦးကိုတော့ ပရိသတ်တွေမသိသူ မရှိလောက်တဲ့ သူမတို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ယောကျာ်းတစ်ယောက်အဖြစ် မွေးဖွားလာပေမဲ့လည်း ပင်ကိုယ်စိတ်ထားက မိန်းကလေးဆန် နူးညံ့သလို သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတိုင်းကို အကောင်းဆုံးတွေလုပ်ပေးချင်တတ်တဲ့ စေတနာစိတ်ထားလေးတွေနဲ့ ရပ်တည်နေတဲ့ သူလေးတွေလည်းဖြစ်ပါတယ်။

လက်ရှိမှာ လိင်ပြောင်းအမျိုးသမီး တွေအဖြစ် ရပ်တည်နေထိုင်ကာ အနုပညာရပ်ဝန်းမှာ အကောင်းဆုံးကြိုးစားပေးနေတဲ့ မိတ်ကပ်ပညာရှင်တွေဖြစ်တဲ့ မိတ်ကပ် ခင်စန်းဝင်း ၊ညီညီမောင် (စန်းချောင်း)၊ မထက်( Pop Soul) နဲ့ မိတ်ကပ် လင်းလင်း တို့ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင်တွေဖြစ်သလို လက်ရှိမှာတော့ အနုပညာလောကရဲ့ မှတ်တိုင်တစ်ခုအဖြစ် ခြေလှမ်းလေးတစ်ခုကို စတင်လိုက်ပါတယ်။ ခင်စန်းဝင်း၊ ညီညီမောင်၊ မထက်နဲ့ လင်းလင်းစသဖြင့် ဒိတ်ဒိတ်ကြဲ မိတ်ကပ်ပညာရှင်လေးဦးအထူးပါဝင်သရုပ်ဆောင်ကာ "ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

"ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပြီး ဒိတ်ဒိတ်ကျဲ Transgender မိတ်ကပ်ပညာရှင်လေးဦးအပြင် အကယ်ဒမီသရုပ်ဆောင်မင်းသားချောတွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ မြင့်မြတ် တို့ပါ ပါဝင်အားဖြည့်ရိုက်ကူးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မီဒီယာအသိပေးပွဲ နဲ့ ကန်တော့ပွဲအခမ်းအနားကို ဇန်နဝါရီလ(၈) ရက်နေ့က တော်ဝင်ဂါးဒန်း ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ဖော်ပြလိုက်ရပါတယ်။

Source: Htet htet htet & Nyi nyi maung , Lin Lin ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။